December 20, 2011
ကဗျာမဖြစ်ချင်တော့တဲ့အခါ
ငါ့နှလုံသားနဲ့ ဦးနှောက်ကို လိမ်လိုက်တယ်
ဘယ်ဘက်ရင်အုံ ကပုပ်သိုးသိုအနံ့တစ်ချို့
သူ့အပြုံးတွေမှာဗျည်းသံမပါတော့တဲ့ အခါ
လေးနေတဲ့ သုညလေးလဲ ဗြုန်းခနဲကွဲ
လေငြိမ်တဲ့အခါနားစဉ်ပါ
ငါ့ရင်ထဲက နဲ့တဲ့တဲ့ နှလုံးခုန်သံ
အပြာရောင်တွေပဲကြွေနေတဲ့ည
တို့နှစ်ယောက်အတွက်အနာဂတ်ရှိဦးမှာလား
တိတ်တိတ်လေးပဲ စိတ်နာလိုက်တယ်
နှလုံးသားတို့အထပ်ထပ်ကွဲ
အစကတည်းက ငါဟာရှုံးပြီးသားပါ
နင်ပြောခဲ့သလိုပေါ့
ငါက "လေမတိုက်ပဲ ကြွေတဲ့သစ်ရွက်"
သူမ မရှိလို့ ငါဖြစ်လာတာပါ
ဒါပေမယ့် တွေနဲ့ပဲ ကိုယ်တိုင်ခဏခဏလိမ်မိ
ပြတ်ခါနီး ဂစ်တာကြိုး နိမိတ်ပြဖူးသလား
ညာလိုက်လိမ်လိုက်နဲ့ နင့်ညတွေခဏခဏမိုးလင်းလို့
တော်လဲသံဆူဆူညံညံနဲ့ မိုကြိုးတို့ပြိုကြ
ငါ့ဘ၀ ငါ ကဗျာ နင့်အတွက် ကဗျာမဖြစ်ချင်တော့ တဲ့အခါ
Subscribe to:
Post Comments (Atom)
တိတ်တိတ်လေးပဲ စိတ်နာလိုက်တယ်
ReplyDeleteနှလုံးသားတို့အထပ်ထပ်ကွဲ
အစကတည်းက ငါဟာရှုံးပြီးသားပါ ........ ကဗျာလေးကို အရမ်းကြိုက်တယ် ... :)