April 12, 2013

သူ့အတွက်

ပုံစံ မမှန်တဲ့ အတွေးတွေ
ငါ့ ညချမ်းမှာ တေးတွေသီလို့
ကြယ်တချို့ ကြွေတယ်

အရသာမရှိတဲ့ ရေတချို့
ငါ့လည်ချောင်း တွင်းသက်ဆင်းတယ်
ရင်တွေတော့ ပူတုန်းပဲ

မဖြစ်နိုင်တဲ့ စာတန်း
ကိုယ်တိုင် နှလုံးမှာထွင်း
သူကတော့ အသက်အောင့်ထားတုန်း

မိုးတွေ မှန်မှန်ကြွေတယ်
ကြယ်နတ်သမီးတွေ ကိုလွမ်းရဲ့
ပုံဆိုးပန်းဆိုး လက်ပြလိုက်တယ်

နှောင်ကြိုးတွေ တို့လို့တွဲလောင်း
ငါ့ရင်ကတော့ ဟိုအရင်လိုဟောင်းလောင်းပဲ
မျက်လုံးတို့ စုံမှိတ်လိုက်တယ် စုံမှိတ်လိုက်တယ်


April 5, 2013

ပွေ့ဖက်သောအခါ..

သက်ပြင်းတွေမျိုချလိုက်တယ်
သူ့မ အကြည့်တွေနဲ့ ပဲ ငါ့မှာ အိပ်မက်တွေ ခဏခဏ မက်
ဒိုင်ရာယီ မရေးတာကြာလို့ ဘောလ်ပင်တောင်မှိုတွေတက်

ကောင်မငယ်ရေ...
ငါ့ ရယ်သံငါ မကြားမိတာ နှစ်တွေတောင်ချို့
သူတော်ကောင်းတချို့ ကိုတိုင်တည်လိုက်တယ်
ငါဘာများမှားမိလဲ....

အဲ့မိန်းမငယ်ပေါ့... ငါ့ နှလုံးသား ကို ဆေးခြယ်နေတာ...
သူမ မှာ နှစ်ချို့နေတဲ့ မျက်လုံး လှလှတွေ ရှိတယ်
တိမ်တွေ ကိုကြည့်ပြီး ပြုံးတတ်တယ်..
စာမေးပွဲဖြေတုန်းက ငါ့နှလုံးသားကို သူခိုးချသွားတယ်

မရမ်းရင့်ရောင် အနမ်းတွေနဲ့..
ငါ့ အလွမ်းတွေ ငါ ဈေးလျော့လိုက်တယ်..
လွမ်းရတာ မောလှပေါ့
သူမ ကတော့ ခပ်တည်တည်ပဲ..

နင့်နှလုံးခုန်သံ ငါ့ ညာဘက်ရင်အုံနဲ့ နားထောင်ပါရစေ