November 24, 2010

Hallelujah

ဘ၀ဆိုတာ တိုက်ပွဲလို့ပြောကြတယ် ကျွန်တော် ကတော့ ဘ၀ကိုဘ၀လို့ပဲ သတ်မှတ်ထားတယ်

ချစ်သူကပြန်မချစ်လို့ အသည်းကွဲ အရက်သောက်ဆေးလိပ်သောက်နဲ့ အသေအကြေဖြစ်ပြနေတဲ့သူတွေကို ကျွန်တော် ရယ်ဖို့မကောင်းတဲ့ အပေါစားဟာသတစ်ခုလို့ပဲမြင်တယ်
တကယ်ဆို အချစ်ကအေ၇းမပါဘူးလို့ မပြောလိုပါဘူး ချစ်ပါ ဒါပေမယ့် မချစ်တော့လို့လဲဘာမှမဖြစ်ပါဘူး ၁၅၀၀ အချစ်တွေကိုပြောပါတယ်
မင်းမချစ်ရင် ကိုယ့်ဘ၀ဟာရှင်လျက်နဲ့သေနေသလိုပါပဲ ဆိုတဲ့လူတစ်ယောက် နဲ့ ဘယ်တော့မှပေါင်းဖက်ဖို့မကြိုးစားပါနဲ့ ဘာလို့လဲဆိုတော့ သူကစိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့လူစားမျိုး

အဲ့လိုပြောမယ့်အစား ကြိုးစားပေါ့ မချစ်လဲနေနိုင်အောင်ကြိုးစား ဒါမှမဟုတ်မချစ်ချစ်အောင်လုပ်ဖို့ကြိုးစား
ထားပါ အဲ့အကြောင်းပြောရတာအချိန်ကုန်တယ်

သူစိမ်း တစ်ယောက်မချစ်လို့ ငိုမနေ မှိုင်မနေပါနဲ့ မိဘတွေက ကိုယ့်ကို အမြဲချစ်တယ် ညီအစ်ကို မောင်နှမတွေ အမြဲချစ်တယ် အဲ့တာတကယ်ပါ ယုံ

ဒီနေ့မနက်ပဲ သက်တန့်ချိုမှာ ဖတ်လိုက်ရတယ် ၆နှစ်သားလေး ကိုယ့်ဝမ်းကိုယ်ကျောင်းနေတယ် AIDSဖြစ်နေတော့ ခွေးတစ်ကောင်က လွဲလို့ဘယ်သူမှ ပေါင်းမယ့်သူမရှိဘူး သူ့ကိုချစ်တဲ့ မိဘတွေတောင်မရှိတော့ဘူး AIDS နဲ့သေပြီ။ သူအသက်ရှင်နေတယ် စာသင်ပေးမယ့်သူမရှိတဲ့ ကြားထဲက ကိုယ်တိုင်ကြိုးစားတယ် စာသင်တယ်။ သူ့အဘွားကလဲ သူနဲ့မနေဘူး ရောဂါကူးမှာကြောက်လို့နဲ့တူပါတယ်။
ဆရာဝန်တွေကလဲ အနားတောင်အကပ်မခံဘူးဆိုပဲ ။အဲ့လို့ ..

ခြေထောက်မရှိတော့တဲ့ တရုတ်မလေး ရေကူး သင်နေတယ် ပြိုင်ပွဲဝင်လို့ ရအောင်ကြိုးစားနေတယ်
သင်သာ မင်းမချစ်လို့ ငါ့ဘ၀ပျက်သွားမယ်ဆို တဲ့လူမျိုးဆို ရင် တစ်ခုလောက်သတိပေးပါရစေ
သင့်မှာ ဦးနှောက်နဲ့ စဉ်းစားဥာဏ်ပျောက်နေတယ်...

ဘ၀ဆိုတာခဏလေးပျော်ပျော်နေပါ အင်း တစ်ဝက်တော့မှန်တယ်
ကိုယ်ပျော်ဖို့ အတွက်ကိုယ့်ကို ချစ်နေတဲ့မိဘတွေ စိတ်ဆင်းမရဲစေနဲ့ပေါ့
ပျော်ပျော်နေမယ်ဆိုပြီး ဆေးတွေချ အရက်တွေသောက်ဆို မိဘရောပျော်ဦးမလား
မိဘစိတ်ဆင်းရဲရင် ကိုယ်လဲစိတ်ဆင်းရဲရတယ်

အဲ့တော့ ကိုယ်လဲပျော်ပျော်ရွင်ရွင်နေပြီး မိဘလဲပျော်ပျော်ရွင်ရွင်ထားနိုင်တဲ့လူမှ ဘ၀ တစ်ခုပိုင်ဆိုင်တဲ့လူ လို့သတ်မှတ်ပါ...
ကဲကဲ အဲ့လိုဘ၀မျိုးပိုင်ဆိုင်ချင်တယ်ဆိုရင် လိုက်အော်ကြ
၃. ၂. ၁. "HALLELUJAH"

မေ့မေ့လက်ရာ

ဒီနေ့ မိုးလေးကအေးတော့ အပြင်မထွက်ချင်တာနဲ့ အိမ်မှာပဲထမင်းချက်စားဖြစ်တယ်
ထမင်းကို မိုးကုတ်ရွှေတုတ် ချဉ်စပ်လက်ဖက်ကလေးနဲ့ ရောပြီး ၀က်သားခြောက်ကြော် (မေမေကြော်ပို့ထားသော)
လေးနဲ့ စားလိုက်ရတာ အရသာကိုရှိနေတာပဲ

လွမ်းလိုက်တာမေမေ့ကို ဟိုနေ့ကဖုန်းဆက်တော့ သူကပြောတယ် ဒီနေ့ချဉ်ပေါင်ကြော်လို့ သတိရနေတာတဲ့
မိဘမေတ္တာဆိုတာ ဝေးမှပိုခံစားရတယ်ဆိုတာ တကယ်ပဲ အသက်က ၅၀နားနီးနေပြီ ခုထိကိုယ်တိုင်ချက်ပြုတ်နေတုန်း တကယ်ဆို သမီးကချက်ကျွေးသင့်နေပါပြီ မေမေတို့ပေးတဲ့ ပညာအမွေခဏလာယူ နေလို့ပါ နောက်ဆို သမီးချက်ကျွေးမယ်နော်..

မေမေကြိုက်တဲ့ ခရမ်းချဉ်သီးချက်ရယ် ငါးရံ့ခြောက်ဖုတ်ရယ် ချက်မယ် ဖေဖေ အတွက်ကတော့ ကြက်သားပြုတ်ကြော်နဲ့ ဘူးသီးချဉ်ရည် မောင်လေးနဲ့ သမီးက ၀က်သားပြုတ်ကြော်စားမယ်
မေမေချက်ရင် သမီးကမြည်းပေးမလို သမီးချက်တဲ့ ကလဲ့မေမေ မြည်းပေးပေါ့နော်

သိပ်သတိရတာပဲ...

November 21, 2010

အိပ်မက်အလား ၀ိုးတ၀ါး

နေချင်တာပေါ့
ဘဘ ရယ် ဖေဖေနဲ့မေမေရယ် တီတီလေးနဲ့ လေးလေးရယ်
ကိုကိုရယ် မောင်လေး ၄ ယောက်ရယ်
ဘဘ၊ဖေဖေ မေမေနဲ့တီတီလေး ၊လေးလေး တို့က အိမ်မှာနေကျ
မောင်နှမ ၆ယောက်က အလုပ်ကိုယ်စီလုပ် ပြီးရင် ပြန်လာရင် အလုပ်က၇ယ်စရာမောစရာ
စိတ်ညစ်စရာတွေ စိတ်ဆိုးစရာတွေ အားလုံးပြန်ပြောရင်းနဲ့ ထမင်းတူတူစား ရုပ်ရှင်တူတူကြည့်
ရုပ်ရှင်ကြည့်ရင်းနဲ့ ဘဘဖေဖေမေမေတို့ကို နှိပ်ပေးမယ်
သူတို့တွေအိပ်ခါနီးကျရင် ဘုရားရှိခိုးမယ် ကြီးစဉ်ငယ်လိုက်ရှိခိုး မယ် ပြီးတော့ အိပ်မယ် အငယ်ဆုံးလေး
ကျော်ဇင်ခန့်လေးကတော့ ၁၃ ယောက်တောင်ရှိခိုးရမယ် ကုသိုလ်တွေရလိုက်မယ့် ဖြစ်ချင်း
မနက်မိုးလင်းလာရင် မောင်နှမတွေမနက်စာပြန်ဘုရားပန်းတွေဘာတွေပြင် ခွေးလေးတွေကြောင်လေးတွေအစာ ကျွေးဖို့ပါလုပ်
ပြီးရင် မနက်စာတူတူစားကြပြီး အလုပ်သွား ကြမယ် ဘယ်လောက်ပျော်စရာကောင်းမလဲ

အလုပ်ပိတ်ရက်ကျောင်းပိတ်ရက်တွေကျရင် newyork တို့ europe တို့အလယ်သွား ကြမယ် ပျော်စရာကြီးနေမှာ
ဒါပေမယ့်သေတစ်နေ့မွေးတစ်နေ့လေ သူတို့တွေ သေသွားတဲ့ အခါကျရင်တော့
မောင်လေးတွေ ကိုကို တွေက ဘုန်းကြီးဝတ် မိုးအိပ်မက်လဲ မယ်သီလရှင်ဝတ်မယ် သူငယ်ချင်းတွေ က အလှူ့ဒကာ ဒကာမတွေလုပ်ကျပေါ့
ပျော်စရာကြီးနော်