December 20, 2011

ကဗျာမဖြစ်ချင်တော့တဲ့အခါ


ငါ့နှလုံသားနဲ့ ဦးနှောက်ကို လိမ်လိုက်တယ်
ဘယ်ဘက်ရင်အုံ ကပုပ်သိုးသိုအနံ့တစ်ချို့

သူ့အပြုံးတွေမှာဗျည်းသံမပါတော့တဲ့ အခါ
လေးနေတဲ့ သုညလေးလဲ ဗြုန်းခနဲကွဲ
လေငြိမ်တဲ့အခါနားစဉ်ပါ
ငါ့ရင်ထဲက နဲ့တဲ့တဲ့ နှလုံးခုန်သံ

အပြာရောင်တွေပဲကြွေနေတဲ့ည
တို့နှစ်ယောက်အတွက်အနာဂတ်ရှိဦးမှာလား

တိတ်တိတ်လေးပဲ စိတ်နာလိုက်တယ်
နှလုံးသားတို့အထပ်ထပ်ကွဲ
အစကတည်းက ငါဟာရှုံးပြီးသားပါ
နင်ပြောခဲ့သလိုပေါ့
ငါက "လေမတိုက်ပဲ ကြွေတဲ့သစ်ရွက်"
သူမ မရှိလို့ ငါဖြစ်လာတာပါ
ဒါပေမယ့် တွေနဲ့ပဲ ကိုယ်တိုင်ခဏခဏလိမ်မိ

ပြတ်ခါနီး ဂစ်တာကြိုး နိမိတ်ပြဖူးသလား
ညာလိုက်လိမ်လိုက်နဲ့ နင့်ညတွေခဏခဏမိုးလင်းလို့

တော်လဲသံဆူဆူညံညံနဲ့ မိုကြိုးတို့ပြိုကြ
ငါ့ဘ၀ ငါ ကဗျာ နင့်အတွက် ကဗျာမဖြစ်ချင်တော့ တဲ့အခါ

October 31, 2011

အသားမာ

ငှက်ဆိုးတစ်ချို့ ပြေးထွက်သွားတယ်
ကန္တာရ တစ်ပိုင်းတစ်စ လွင့်ပျံ
စက္ကန့်တွေ ကတွေ့ အရင်အတိုင်းပဲ တစ်လိမ့်ပြီး တစ်လိမ့်

ဒီအခန်းမှာ သူမအနက်ရင့်ရင့် ဆေးဆိုးခဲ့တယ်

ပျက်အစဉ် ပြင်ခဏပဲ
နှလုံးသားလဲ ခဏခဏကွဲ
ဒါတောင် အသားမာ မတက်သေးဘူး

ခေါ်သံမကြားပေမယ့်
ငါထူးလိုက်တယ် တစ်ယောက်ယောက် လိုအပ်နေမလားလို့

ပုန်းလျှိုးကွယ်လျှိုး နေရောင်တစ်ချို့ တိမ်တွေက ခိုးစားလိုက်တယ်
အသိမရှိတော့တယ် အချိန်
သူမ အရာရာကို စတေးလိုက်တယ်

တကယ်ကတော့ ပုံမှန်ပါပဲ
ဟောင်းတာ ကောင်းမှန်းသိပေမယ့်
အသစ်ပဲမက်မော ကြတာပဲ လေ

October 1, 2011

ငါ့ကောင်းကင်မှာ မိုးတွေညို့
ငါ့ကမ်းပါးက တစ်ဝကတိတိပြုတ်ကျနေပြီ
ကူသူမရှိဘူး၊ ကယ်သူမရှိဘူး။
ဒါပေမယ့်...
နွယ်တစ်ချောင်းကိုမွေးထုတ်ပေးနိုင်တဲ့
စုတ်တစ်ချက်ငါ့အနုပညာထဲမှာရှိတယ်
အဲ့ဒီစုတ်နဲ့ထိုနွယ်ကို အသက်သွင်းမယ်
ပြီးတော့ ငါ့နှလုံးသားနဲ့ခိုတက်မယ်။
ငါအခါခါပြောခဲ့ဖူးတဲ့ စကားလိုပေါ့
အနုပညာဆိုတဲ့ပင်လယ်ကြီးထဲမှာ
မသေခင်တော့ကူးခတ်နေဦးမှာပါပဲ။
ကံကောင်းရင် မေခလာ ကယ်မယ်
ကံမကောင်းလည်း...
အဟင်း... ရပါတယ်။


သိုးဆောင်း
(နေကမ္ဘာ ရဲ့မီးအိမ်ရှင် ၀တ္ထု မှကောက်နုတ်ချက်)

August 22, 2011

ဘုံပျောက်တဲ့လူ



ဘယ်သူတွေမှန်ပြီး ဘယ်သူတွေမှားခဲ့လဲ
ငါရိုင်းရိုင်းစိုင်းစိုင်းပဲ ခေါင်းညိတ်လိုက်တယ်

အဲ့ဒီနေ့က ၂၄ နာရီနေကြတ်ခဲ့မယ်ထင်ရဲ့
ပိုးစုန်းကြူးတွေတောင် အဲ့ညကတောင်ပခဲ့ရဲ့လား
ကက္ကိုရွက်တွေ ရော အိပ်ခဲ့ကြလား
နင့်ရဲ့ မြတ်နိုးခြင်း အနှစ်ချုပ်က
သူမအတွက်ပဲ မဟုတ်လား
သို့မဟုတ် သို့မဟုတ်
အက္ခရာနဲ့ စတဲ့ ငါ့နာမည် မပါတာလား

အားမနာပါနဲ့ နင်သွားပါ
တံခါးလဲလာမခေါက်ပါနဲ့တော့
သက်ပျင်းတွေလဲမချပါနဲ့တော့
လွတ်လပ်ခြင်းနဲ့ပဲနင်ပြန်ပါတော့

နွားရိုင်းသွင်းချိန်မှာ ဗုံတီးတဲ့ ကဝေပျိုလိုပေါ့
ငါ့တို့တွေ သူစိမ်းလျော့လျော့ပဲ နှုတ်ဆက်ကြမလား
ကဲ....ကဲ... ထားပါတော့လေ
ဟိုးမှာ နင်မက်မောတဲ့ ရိုးသားမှု့တွေများလား

သဘာဝပါပဲ
တိုက်ဆောက်ပြီးတော့ ငြမ်းဆိုတာ ဖျက်ရမှာပေါ့
သဘာဝပါပဲ..အင်း..ဟုတ်မယ် သဘာဝပါပဲ

July 18, 2011

ရာဟုသား



သူ့အပြုံးကို စောင့်ရင်း
ကျွန်တော့်ညတွေ မိုးခဏခဏလင်းနေပြီ
ဗုဒ္ဓဟူးနေ့တချို့လဲ ဟိုးနားဒီနား အစားစားပါပဲ
ပုံပြောကောင်းတာ သူလားကျွန်တော်လား
သချာင်္ဖြေနိုင်မယ် မထင်လို့ မြန်မာစာကတည်းက ခြစ်ချခဲ့တယ် ချစ်သူရယ်
ထီးကလေးတောင် ရွက်ဝါချိန်ရောက်ပြီ
ကောင်မငယ်ရေ........
ညနေပိုင်းမွေးလို့ ငါ့မှာ အစွယ်မပါခဲ့ဘူး ကွယ်

July 6, 2011

အကတိုက်စဉ် ဟာသများ

ညအချိန်ကတော့ ၉ နာရီလောက်ရှိပြီ
သူတို့တွေ dialogue တွေကျက် အသံနေအသံထားတွေနဲ့ ပြောကြည့်တာလဲ ၂ခေါက်မကတော့ဘူး
မင်းသားဆိုတဲ့ ကောင်ကလဲ မနက်ဖြန် စာမေးပွဲရှိလို့ဆိုပြီး စကားတွေလဲအလွဲလွဲ

ဒါနဲ့ ဒါနဲ့ သူတို့တွေ ဟန်ပါပါ သရုပ်ဆောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်
ကျွန်တော် ကတော့ပရိတ်သတ်ပေါ့ ထုံးစံအတိုင်း

မင်းသား ရဲ့အခန်းကသိပ်မများဘူး ဒါပေမယ့် ပြောရတာတွေကတော့များတယ်
မင်းသားကလဲ RPကျောင်းသားပြီပြီပေါ့ paperless ကျင့်သုံးပြီး ဖုန်းထဲကပဲ ကြည့်ပြီး dialogue ပြောတယ်

ကဲနောက်ဆုံးခန်းပြီးခါနီးပြီ အဲ့အခန်းမှာ သရဲတွေကိုယ်ယောင်ပြလို့ မင်းသမီးက မူးလဲ မင်းသားကပြေးပွေ့ 
ဒီလို ဒီလိုနဲ့ ဇာတ်သိမ်းမယ်

မင်းသားကလဲပျော်နေပြီပြီးခါနီးလို့ ဇာတ်ကကောင်းလို့ ကျွန်တော်လဲနဲနဲ တော့ဈာန်ပါနေတယ်

ထားပါတော့ ကဲ မင်းသမီးကမူးလဲပြီး မင်းသားကပြေးပွေ့တယ် မင်းသားလဲ dialogue မေ့သွားပြီး ဖုန်းကိုထုတ်ကြည့်တယ် ပြီးတော့ ဟန်ပါပါနဲ့ 'အို.. မူးလိုက်တာ' ဆိုပြီးအသံသေးအသံညောင်ကြီး မင်းသားဆီကထွက်လာပါလေရော..
တစ်ဇာတ်လုံးအဲ့အခန်းအရယ်ရဆုံးပဲ

June 21, 2011

Peace