May 2, 2013

ကောင်လေးသို့

ကျွန်တော့် မှာ အကျင့်တစ်ခုရှိတယ်
ကျွန်တော် မရတဲ့ အရာကို မှ လိုချင်တယ်
ရပြီးသွားရင်လဲ အကြာကြီး မသိမ်းထားပဲ စွန့် ပစ်တတ်တယ်
ဥပမာ. ကျွန်တော် ကောင်လေးတစ်ယောက်ကို ကြိုက်တယ်ပဲထား
သူ့ မှာ ရည်းစားမရှိဘူး ဒါပေမယ့် သူချိန်နေတဲ့ ကောင်မလေးတွေရှိတယ် ကျွန်တော် မပါဘူး
ကျွန်တော် သူ ကို အတင်းချည်းကပ်တယ် သူအတွက်အချိန်တွေ အများကြီးပေးတယ်
သူ့ အတွက် အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်အောင်နေပေးပြီး သူ့ အတွင်းလူဖြစ်အောင်လုပ်တယ်
သူ့ ကို ကောင်မလေးတွေနဲ့ စကားပြောဖြစ်အောင်လုပ်ပေးပြီး သူ့ယုံကြည်ချက်ရအောင်လုပ်တယ်
သူ့ ယုံကြည်ချက်ရပြီဆို တာနဲ့ သူကြိုက်တဲ့ ကောင်မလေးတွေ ကို တစ်ယောက်ပြီးတစ်ယောက်ဖယ်ထုတ်တယ်
သူ က ကျွန်တော်တစ်ယောက်တည်းကို တွယ်တာလာတော့မှ 
သူကို ရှောင်ဖယ်ရှောင်ဖယ်နေတယ်
သူ နဲ့ မတွေ့ဖြစ်အောင်နေတယ် တခြားကောင်လေးတွေနဲ့ ပိုရောတယ်
အဲ့တော့မှာ သူ vulnerable  ဖြစ်လာပြီး ကျွန်တော့်ကို ချစ်သွားအောင်လုပ်တယ်
ပြီးတော့ သူနဲ့ တွဲပြီး ၄ ။ ၅ လ ကြာရင် ကျွန်တော် ရိုးသွားပြီး 
ခွဲ ထွက်ခဲ့တယ်
အဲ့ အကျင့် က မိန်းကလေးတယောက်အတွက် မကောင်းမှန်းသိပါတယ်
ဒါပေမယ့် ကျွန်တော် ထိန်းချုပ်လို့ မရဘူး
မြန်မာ မိန်းကလေး တယောက်အတွက်ပိုမသင့်တော် မှန်းသိပါတယ် 
ကျွန်တော်လဲ တော်ရုံတန်ရုံနဲ့ ဘယ်သူ့ကိုမှ အလိုမလုပ်ပါဘူး
လုပ်ရင်လဲ ရအောင်လုပ်တယ်
အခု လောလော ဆယ် ကျွန်တော် ကို ကြိုက်နေတယ့် လူတစ်ယောက်ရှိတယ်
ကျွန်တော် က ကြိုက်နေတဲ့ လူတစ်ယောက်လဲ ရှိတယ်...
မကောင်းမှန်းသိပေမယ့် အဲ့ကောင်လေးကို လိုချင်နေတယ်..
ကျိန်စာလိုပဲ 

No comments:

Post a Comment