May 3, 2013

ထိုကောင်လေး သို့

ကဗျာထဲမှာ လွတ်လပ်ခဲ့တယ်
သတိရတိုင်း ခပ်ကြမ်းကြမ်း ရေးခဲ့တဲ့ ကျောက်စာ
မိုး တစ်ဝက် ဆောင်း တစ်ဝက် နဲ့

တေလေတစ်ကောင် ရဲ့ အိပ်မက်ဆိုး
နင့်အတွက်တော့ ခပ်ချိုချို ဟာသတစ်ခုပေါ့
နွေ ရာသီသာ အညိုရောင်သမ်းသွားတယ်

မြားမှန်ထားတဲ့ အသဲ
တော်ရုံတန်ရုံ မကွဲ ခဲ့တော့
မြို့ပြ ယဉ်ကျေးမှု့နဲ့ ခပ်ပျပျလွဲခဲ့ပေါ့

နာမည်မတပ်ရသေးတဲ့ ကျောက်ရုပ်
သူကိုယ်တိုင် သက်ပြင်း တိုးတိုးချတယ်
ငါလွမ်းနေတာ သူသိမယ်ထင်ရဲ့

မီးမညှိပဲ လင်းတဲ့ နေမင်း
ငါ မခေါ်ပဲ လာတဲ့ အလွမ်း
နင် မရှိတဲ့ နေ့နဲ့ည ခပ်တိုတိုနဲ့ နိဒါန်းပျိုးတယ်

ခပ်ပိန်ပိန်နဲ့ ကောင်လေး
နင်မသိခဲ့တဲ့ အနမ်း
ငါ့နှုတ်ခမ်းမှာ တွဲလဲခိုလို့

No comments:

Post a Comment