June 23, 2013

အိပ်မက် မှ လက်တွေ. ဆီ

တခါ တလေ ရုပ်ရှင်တွေ ထဲ ကလို အိတ် ကလေး တစ်လုံးနဲ့  နိုင်ငံ တကာလျှောက်သွားလို့ ရရင်အရမ်းကောင်းမှာပဲ လို့ စဉ်းစားမိ တယ် 
passport တွေ visa တွေ မလို ပိုက်ဆံလဲ မလို တွေ့တဲ့ ဆိုင်မှာ အလုပ် ကလေးဝင်လုပ် camera ရယ် laptopရယ် phone လေး တစ်လုံးရယ်ပဲရှိ..
ဆိုင်မှာ အလုပ်ကလေးလုပ် ပိတ်ရက်မှာ လျှောက်လည် photo လေးတွေရိုက်ပြီး blog ကလေးမှာတင်.. diary လေးတွေရေး.. ပိုက်ဆံ အပိုလေးရရင် ..ကားလက်မှတ် ဒါမှမဟုတ် လေယာဉ်လက်မှတ် ကလေး ၀ယ်ပြီး လျှောက်သွား... ရောက်တဲ့ နေရာမှာ ဆင်းနေပြီး သူငယ်ချင်း လေးတွေလုပ် 
ဘ၀ ကဘယ်လောက်ပျော်ဖို့ ကောင်းလိုက်မလဲ ... လျှောက်လည် ရင်းနဲ့ ရောက်တဲ့ နေရာ ကနေ postcard လေးတွေ အိမ်ကိုပို့ လက်ဆောင်လေးတွေ ၀ယ် ပြီးပို့.. လျှောက်လည် လို့ ပျင်းရင် အိမ် ပြန်... ဖေဖေ ရယ် မေမေ ရယ် ဖိုးဖိုး ရယ် လေးလေး ရယ် တီတီ ရယ် မောင်လေး တွေ ရယ်.. ခွေးလေး ရယ် ကြောင်လေး ရယ်.. ရှိတဲ့ ပျော်စရာ အိမ်လေး ကို ပြန်...
အိမ် ရောက်ရင် သူတို့ အတွက် လက်ဆောင် တွေကို ပေး.. သူငယ်ချင်းတွေ ကို လဲ လက်ဆောင် တွေ ပေး..
လမ်းမှာ တွေ့ တဲ့ လူတွေ အကြောင်း အတွေ့ အကြုံ တွေ ကို ပြန်ပြောပြ...
ဘယ်လောက်ကောင်းလိုက်မလဲ..

No comments:

Post a Comment