December 25, 2009

X'mas


ဘာလိုလိုနဲ့

မနှစ်ကchristmas တောင်နှစ်ပတ်လည်ပြီ

ငါမွေးနေ့မရောက်သေးပေမယ့် ငါအိုခဲ့ပါပြီ

ဒီနှစ်ဆောင်းလဲ ငါ့အတွက်ညတာရှည်တုန်းပဲ

လမ်းကြုံရင်တော့ ၀င်ခဲ့ပေါ့

အစိမ်းရင့်ရင့်ဓါတ်တိုင်တွေအောက်မှာ

ကျွန်တော် တခါတခါ ကဗျာရွတ်ပြတတ်တယ်

ဒေါသတွေတော့ ဒီတခါသိပ်မကြီးပါနဲ့

နှင်းရုပ်တွေ အရည်ပျော်တာလက်မခံချင်သေးလို့

ရွှေအိုရောင်ဆံနွယ်တွေ မရချင်နေပါ

ဒီနှစ်ဆောင်းမှာ နှင်းကျစေချင်၏

December 23, 2009

ကဝေသည် မိန်းခလေး


ငွေနဲ့ဝယ်ခဲ့တဲ့အချစ်တွေ
ရင်ထဲမှာအစားထိုးပြီးနောက်
ငါ့ရင်ထဲမှာ ကဗျာတွေပျောက်နေတာ
နှစ်တောင်ပေါက်ရောပေါ့ ကောင်မလေးရယ်
ပေါ့ပျက်ပျက်အချစ်တွေနဲ့တင်
ငါဟာဖြေသိမ့်ခဲ့ ပါတယ်...

နင့်ဆီကရမယ့်အခွင့်အရေးတိုင်းမှာ
ငွေလို့နာမည်တပ်တဲ့ စက္က္ကူနဲ့တွေရနံသင်းခဲ့တယ်
လိုချင်တာတွေကုန်ရင်တော့ နင်ထွက်သွားပေါ့
အဝေးတနေရာကနေ
နင့်ရဲ့ကဝေဆန်ဆန်အနမ်းတွေကို
ဒီကောင်လွမ်းခဲ့ဖူးပါတယ်

October 30, 2009

ပုံပြင် (၁)

(ယုန် ဟာ ချစ်ဖို့ကောင်းတယ်. အသည်းငယ်တယ်. ပညာရှိတယ်. သွက်လက်တယ်. အပြေးမြန်တယ်. ယုန်လည်ကျတတ်တယ်. တခါ တခါလဲ အညာတော့မိတတ်တယ်)


မိုးတိမ်တခု နဲ့ လေ၀င်တိုက်ချိန်မှာ
ငါ့နှလုံးသားလဲ ထောင်ကျခဲ့ပါတယ်
ကောင်မလေး ဟာယုန်နဲ့တူတယ်

အစွဲအလမ်းများ စွာနဲ့ ရစ်မူးနေလဲ
မျှော်လင့်ချက် ကကင်းမဲ့နေဆဲ
ကောင်မလေးဟာ ယုန်နဲ့တူတယ်

မှုန်ဝါးနေတဲ့ ညမှာ
ငါဟာ compass ယူဖို့မေ့ခဲ့တယ်
ဓူဝံကြယ်လဲ မတွေ့ခဲ့ဘူး
ကောင်မလေးဟာ ယုန်နဲ့တူတယ်

နာရီကိုကြည့်ရင်းအချိန် ကုန်တာထက်
မင်းကို ငေးရင်းအချိန်ကုန်တာပိုများပါတယ်
ကောင်မလေးဟာ ယုန်နဲ့တူတယ်

October 24, 2009

My Babies


This is Beauty's grandsons.
Panda's nephews and Lucky and Candy's sons.
Left one is Polar And right one is Joker.
Polar is more minutes older than Joker.
Polar loves to stay with people and Joker loves to live with
his mom, Candy.


Panda, Lucky and Candy were born in 24. April. 2008
Polar and Joker were born in 24. August. 2009

My Babies


This is Candy.
She was born I front of me.
I don't know what to do.
Beauty born her and Candy was in the bag or something.
She is the youngest one.
And She is the one who eats a lot and everything.
I love all my babies.

My Babies


This the middle son form beauty.
His name is lucky.
He still at our home.
He is the cleverest between the 3 kids.
He married with Candy and they give birth 2 sons called Polar and Joker.

My Babies


This is the first daughter from Kyan Kyan and Beauty..
Her name is Panda.
Now we give her to a boy who loves puppies.
And we still know us.
That nice boy come to our home with Panda every week.

My Babies


Our first puppy...
I got it from my uncle.

We give her to my dad's friend
Now she is in Taung Ngote.
I miss her a lot.
Her name is Beauty...
She married with Kyan Kyan and give birth 2 daughters and 1 son.

My Babies


their second son...
They have 3 sons and 1 daughter,
All the babies lost...
feel sorry... :(

His Name is Tit Tot

His wife..

My Babies


the eldest cat at home

August 7, 2009

သင့်မှာပြည့်စုံနေပါပြီ

glitters

Click Here For Myspace Graphics at GraphicsHunt.com
Tinkerbell

ကျွန်တော်ကိုယ်တိုင်က စိတ်ဓါတ်ကျလွယ်တဲ့အမျိုးအစားထဲမှာပါပါတယ်
အဲ့တာကြောင့်ကိုယ်တိုင်စကားလုံးတွေနဲ့အမြဲနှစ်သိမ့်ခဲရပါတယ် ခုလဲ စာမေးပွဲနီးလို့ စာမရသေးလို့
စိတ်ဓါတ်အားအင်ကုန်ခမ်းနေတဲ့ သူငယ်ချင်းများအတွက် ဒီစာလေးရေးလိုက်ပါတယ်

သင်ဟာအရာရာပြည့်စုံနေတဲ့ သူလို့ပြောရင်ယုံမှာလား
ယုံလိုက်ပါ တကယ်ပြည့်စုံပါတယ် ကဲ ကြည့်ရအောင်သင်ပြည့်စုံလားမပြည့်စုံဘူးလားဆိုတာကို
သင့်မှာလူတိုင်းရှိတဲ့ မျက်နှာတစ်ခု ကိုယ်လုံးရှိတယ် ပိန်တယ် ၀တယ်ဆိုတာ တကယ်တော့ ဂဏန်းတခုသာဖြစ်တယ် သင်ပိန်လို့ သင့်ကို အပေါင်းအသင်းမလုပ်ဘူး ၀လို့အပေါင်းအသင်းမလုပ်ဘူး ဆိုတာရှိလား အရပ်ပုလို့ အရပ်ရှည့်လို့ ဆံပင် မှာဘောက်ထလို့ ဆံပင်ပါးလို့ နင်နဲ့အပေါင်းအသင်းမလုပ်ချင်ဘူး
လို့ရှိ ဘူးလို့လား

သင့်မှာ ပြည့်စုံနေပါပြီ

သင်လိုချင်တဲ့ အရာတခုမရလို့မပြည့်စုံဘူးဆိုတာရှိလား မရှိဘူး ခုကြည့်လေ သင်လိုချင်တဲ့အရာတခုမရှိလဲသင်
ယခုဘ၀ကို ကောင်းကောင်းမွန်မွန်ကြီးဖြတ်သန်းနေတာပဲ ဟုတ်ဘူးလား
သင် ထက်ပိုပြီးလိုအပ်သူရှိလို့ ထိုအရာကိုမရခြင်းသာဖြစ်တယ်

သင့်မှာပြည့်စုံနေပါပြီ

၉တန်းတုန်းက သင်ခဲ့ရတဲ့ English text book မှာကြိုက်တဲ့ စာကြောင်းလေးတကြောင်းရှိတယ်
"The world won't end even you fail the exam" တဲ့ စာမေးပွဲလေးကျတာနဲ့ လောကကြီးပျက်မသွားပါဘူး
စာမေးပွဲကျလို့ စိတ်ဓါတ်ကျမှ သင့်စိတ်ဓါတ်ပျက်သွားမှာဖြစ်တယ်
အရင်ကမရလိုက်တဲ့ အရာတွေကို စိတ်ကူးယဉ်မနေပါနဲ့ နောင်ရအောင်လုပ်မယ်ဆိုပြီး လက်ရှိမှာကြိုးစားလိုက်ပါ

သင့်မှာပြည့်စုံနေပါပြီ

သင်ချစ်တဲ့သူတွေကသင့်ကို မချစ်ဘူးလို့ထင်နေလား ဒါဟာအံ့သြစရာမဟုတ်ပါဘူး လောကကိုစတင်ဖန်တီတုန်းက လူတွေကနှစ်ကိုယ်တွဲတွေပါ ဒါကိုနတ်မင်းကြီးက လူတွေ သူတို့ကိုလာပြီးစစ်တိုက်မှာစိုးရိမ်လို့ လူတွေကို တစ်ကိုယ်တည်းဖြစ်အောင်လုပ်လိုက်တယ် အဲ့တော့ ကိုယ်ရဲ့တစ်ခြမ်းဟာ ကိုယ့်ရဲ့ချစ်သူသာဖြစ်တယ် အဲ့တော့ ကိုယ်ချစ်တဲ့သူကိုယ့်ကိုပြန်ချစ်နေရင်
ဒါဟာထူးဆန်းမှု့တခုဖြစ်နေပြီ ဟုတ်တယ်လေ လူတွေအများကြီးထဲက ကိုယ့်ရဲ့တခြမ်းကို ပြန်လည်ရှာတွေ့တာ
ထူးဆန်းတာပေါ့

သင့်မှာပြည့်စုံနေပါပြီ

July 8, 2009

သုံးမရသောအပိုင်းအစများ

မသိတဲ့အကြောင်းအရာတွေကိုသိအောင်လုပ်ရင်းနဲ့
ငါကိုယ်တိုင်တောင်ဘယ်သူမှန်းမသိတော့ပါဘူး

သိတဲ့အတိုင်းအတာကိုတွန်းချဲ့ရင်း
ငါပါနယ်ချဲ့ဖြစ်လာခဲ့တယ်

မဖြစ်နိုင်တဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့
ငါဟာအိပ်မက်တောထဲလမ်းပျောက်ခဲ့တယ်

ဦးနှောက်နဲ့ကြိုးစားတိုင်းအရာထင်အောင်လုပ်တော့
နှလုံးသားမှာဒဏ်ရာတွေတိတ်ဆိတ်ရလာတယ်

မတီးတတ်တဲ့သံစဉ်တွေကိုညီးညူရင်း
ကိုယ်တိုင်ကိုယ်ကျပေါက်ကွဲသံစဉ်ဖြစ်လာတယ်

အမှားမဲ့စွာနေချင်ပေမယ့်
ကိုယ်တိုင်ပဲခွင့်လွှတ်တတ်လာတယ်

လောကသစ်တခုကိုလိုက်ရှာရင်း
ငါကိုယ်တိုင်ကမ္ဘာသစ်တခုစတင်တည်ဆောက်နေတယ်

July 7, 2009

ကျောင်းပြေးခြင်း

ခုတလောကျောင်းပြေးတာတွေများပြီ....ကျောင်းပြေးတယ်ဆိုတာသူငယ်ချင်းမကောင်းလို့လဲမဟုတ်ဘူး
အဖော်ရှိလို့လဲမဟုတ်ဘူး...မပြေးဘူးလို့ပြေးရင်းနဲ့ ပြေးရတာကြိုက်သွားတာ
အထက်တန်းကျောင်းမှာဆိုကျောင်းပျက်ရက်ကိုမရှိဘူး...ကျောင်းပျော်လေး၆ယောက်ထဲကတယောက်ပါ
ခုတော့ပြေးတယ် လစ်တယ် ဆိုတာ နေ့စဉ်ထမင်းစားရေသောက်လိုတောင်ဖြစ်နေပြီ
ကျောင်းလစ်ပြီးမှတော့စိတ်ညစ်မနေတော့ဘူး....ဟုတ်တယ်လေကိုယ်လုပ်ချင်တာကိုလုပ်ပြီးပျော်ပျော်ပဲနေမှာပေါ့
ဟုတ်ဘူးလား....ကိုယ်မလုပ်ချင်တာကြီးဇွတ်လုပ်ပြီး..စိတ်မပါလက်မပါနဲ့အခန်းထဲမှာထိုင်နေမယ့်အစား
သေသေချာချာအနားယူလိုက်တာပေါ့....နေ့တိုင်းကြီးစိတ်မပါတာတော့မကောင်းဘူးပေါ့နော်
ကျောင်းနေပျော်ပြီးစာတော်ရမည် ဆိုတဲ့အတိုင်းတော့မဟုတ်ဘူးပေါ့နော်
ကျောင်းသားဘ၀မှာကျောင်းနေလဲပျော်ရမယ် စာလဲတတ်ရမယ်ပေါ့ တော်စရာမလိုပါဘူးတတ်ရင်လုံလောက်ပြီ
ကျွန်တော့်အတွက်ကိုပြောတာပါ
ဆိုးခိုင်းတာမဟုတ်ပါဘူး ငယ်ငယ်တုန်းကဆိုကောင်မလေးတယောက်ကိုခုံပေါ်ကတွန်းချလိုက်တာ သူ့ခေါင်းငါးချက်ချုပ်လိုက်ရတယ်...နောက်တော့တော်တော်လေးခင်သွားကြတယ်
ရုံးခန်းလဲရောက်ဘူးတယ် အထက်တန်းတုန်းကပဲ
ဒီရောက်မှတော့သိပ်မဆိုးတော့ဘူး college ကျောင်းသူဘ၀လိုပေါ့ကျောင်းလစ်ပြီးရုပ်ရှင်သွားကြည့်တယ်ရေသွားကူးကြတယ်
သူငယ်ချင်းတွေနဲ့ဖဲရိုက်တယ် ဘီယာသောက်တယ် ဆေးလိပ်သောက်နည်းတောင်သင်လိုက်သေးတယ်
စွဲနေတာမဟုတ်ဘူးနော်...လုပ်ဖူးတယ်ရှိအောင်လို့ပါ
ဒီလိုမျိုးလေးတွေက အသက်အရွယ်ကြီးလာလို့သူငယ်ချင်းတွေပြန်တွေ့ရင်ဖွင့်ရမယ့်စီဒီပြားဟောင်းလေးတွေပါ
"FACI ကဘယ်လို ငါအဲ့တုန်းကစိတ်ညစ်ညစ်ကြီးနဲ့ထိုင်နေရတာ ကျောင်းလဲဆင်းရော အိမ်ပြန်ပြီးအိပ်တော့တာပဲ" ဆိုတဲ့ အမှတ်တရနဲ့ "အဲ့တုန်းကလေ စာထဲလဲစိတ်မပါတာနဲ့ ကျောင်းလစ်လိုက်တာ
သူငယ်ချင်းတွေကလဲနှစ်ခါမခေါ်ရဘူး..အားလုံးစုပြီး BUGIS မှာshopping ထွက်တယ်လေ အပြန်တောင်golden village မှာရုပ်ရှင်ဝင်ကြည့်ကြသေးတယ် 17again လေရယ်ရတယ်နော် ပြီးတော့UT လဲလာရောအားလုံး ဖင်ထောင်အောင်စာလုပ်ကြရတယ်လေ" ဆိုတဲ့အမှတ်တရတွေကပိုပြီးပီပြင်မှာပါ


ကျောင်းနေပျော်ပြီးစာတတ်ကြပါစေ။

July 2, 2009

လှပခြင်း




လူတယောက်ကိုကြည့်ပြီးလှတာနဲ့မလှတာဘယ်လိုခွဲလဲဆိုတာသိကြရဲ့လား
ကျွန်တော့်မျက်လုံးထဲမှာတော့လှတာမလှတာရှိတယ် ဒါပေမယ့်ရုပ်မဟုတ်ဘူးစိတ်
လက်ဖက်ရည်ဆိုင်ထိုင်မယ် ပြီးတော့"ဟေ့ရောင်ဟိုကောင်မလေးကချောတယ်ဟိုတယောက်ကလှတယ်ဟိုဟာလေးကချစ်စရာလေးဒါကြီးကတော့ပိန်းပါတယ်ကွာ"
ဆိုပြီးပြောနေကြတဲ့သူတွေရှိပါတယ်လက်ဖက်ရည်ဆိုင်မဟုတ်ရင်တောင်တနေရာရာပေါ့
ဟိုအပြောခံရတဲ့သူတွေက ကိုယ့်ထမင်းကိုယ်စားပြီးအပြောခံနေရတာ ဘယ်လောက်သနားဖို့ကောင်းလဲ
ပြီးတော့တိုက်ရိုက်သွားပြောရင်တောင်ကောင်းဦးမယ် ခုတော့
ရှေ့ကြတော့သွားကြီဖြီးပြနေပြီးတော့ ကွယ်ရာမှာတော့တမျိုး
သူတို့အတွက်မလှပေမယ့်တယောက်ယောက်အတွက်လှမှာပေါ့
သူတို့ကိုယ်တိုင်တောင်ဘယ်လောက်ချောနေလှနေလို့ လဲ....လူတိုင်းမှာအလှကိုယ်စီရှိကြတယ်
ဟုတ်ပြီလူတိုင်းထောက်ခံတယ်သူလုံးဝမလှဘူး သူ့မှာလှတဲ့တနေရတော့ရှိမှာပါ
သူ...သူများစာမရတုံးကရှင်းပြခဲ့မယ်။ ငယ်ငယ်တုံးက ခွေးလေးကိုအဖေတွေအမေတွေမသိအောင်
သနားစိတ်ကလေးနဲ့သူစားမယ့်မုန့်ကိုချကျွေးဖူးခဲ့မှာပဲ
စိတ်ထားလှရင်ရုပ်လှဖို့ဆိုတာလွယ်လွယ်လေးပါ....သူငယ်ချင်းတယောက်ပြောတယ်
မြတ်စွာဘုရားဟောခဲ့ဖူးတယ်တဲ့ "စိတ်လှသောသူ၏မျက်နှာသူရုပ်မလှသော်ငြားဝင်းပကြည်လင်နေတတ်၏"
ဟုတ်တယ်မှန်တယ်
ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်ရယ်ကလေးရှိတယ်
မိန်းမချောလေးနှယောက်လမ်းလျှောက်လာတယ်သူတို့မျက်နှာမှာမိတ်ကပ်တွေပါတယ်နှုတ်ခမ်းနီတွေပါတယ်
ဆွဲဆောင်မှုရှိကြပါတယ် ဒါပေမယ့်သူတို့ရုပ်တွေကကြည်လင်မနေဘူးမှုန်မှိုင်းနေတယ်
နောက်ကနေဈေးခြင်းတောင်နဲ့အိမ်ထောင်သည်မိန်းကလေးတယောက်လမ်းလျှောက်လာတယ်
သူရဲ့အကြည့်တွေကဖြူစင်တယ်မျက်နှာကသနပ်ခါးလေးနဲ့တင်ကြည့်ကောင်းနေတယ် ဟိုမိန်းမချော၂ယောက်လောက် မလှဘူးဆွဲဆောင်မှုလဲမရှိဘူး ဒါပေမယ့် သူ့ကိုကြည့်ရတာရင်ထဲအေးတယ်ဗျာ


သူငယ်ချင်းတယောက်ဆီကနေe-bookယူဖတ်တာပုညခင်ရဲ့စာအုပ်ဖတ်လိုက်ရတယ်
အဲ့တာကနေစဉ်းစားမိတာလေးရေးတာပါ စိတ်ကောင်းထားနိုင်ကြပါစေ။

အပေါ်ကပုံလေးမှာကြည့်ပါကောင်မလေးကိုကျွန်တော်တို့မျက်စိထဲမှာမချောဘူးထင်လိမ့်မယ်သူ့အတွက်တော့နတ်သမီးတပါးပဲ

June 30, 2009

မှောင်ရိပ်ခို

angel Pictures, Images and Photos

ကွေ့ကွေ့ကောက်ကောက်ကံတချို့ငါ့ဆီကိုခြေလာချတယ်
ပြေးလို့မမှီတော့ပေမယ့်ငါကြိုးစားနေတုန်းပဲ
ပဲ့တင်သံတချို့တော့ကြားရပါရဲ့
အရှေ့အရပ်မှာနေထွက်တော့မယ်
ပန်းပင်တချို့ရောင်နီစပျိုးပြီ
မိုးမလင်းသေးတဲ့လုပ်ရပ်တချို့ကိုငါရပ်ကြည့်နေတုန်း
မကြောက်နဲ့
တုံ့ဆိုင်းဆိုင်းနင်တို့ရဲ့အကြည့်တွေကိုရပ်
ငါ့ရဲ့တောက်ပမှု့ကိုခ၀ါချကြလော့

June 21, 2009

Calling U

June 12, 2009

ယုံကြည်မှု့ပေးခဲ့သောငါတို့မိဘ


ကိုယ်တိုင်ရွေးခြယ်သင့်တဲ့အချိန်ဆိုတာ ဘ၀မှာရှိလာစမြဲပါ...
ခုကျွန်တော်တို့ကိုယုံကြည်စိတ်ချတဲ့မိဘတွေက ရေမြေခြားမှာ ယုံကြည်စွာနေခိုင်းထားကြပြီလေ
ခုဆိုမလွတ်လပ်ခဲ့တဲ့ဘ၀ မိဘမျက်စိဒေါက်ထောက်ကြည့်ခံရတဲ့ဘ၀ လွတ်လပ်သော်လည်း နေချင်တိုင်းနေလို့မရတဲ့ဘဝ
တချို့မိဘတွေရှိတယ် သားယောကျာင်္းလေးဆို မိန်းကလေးတွေနဲ့ မပက်သတ်စေချင်ဘူး ပတ်သက်ရင်လဲ မကြိုက်ချင်ဘူး မိန်းကလေးမိဘတွေလဲကိုယ့်သမီးလေးကို ယောကျာင်္းလေးတွေနဲ့မပတ်သက်စေချင်ဘူး
တချို့ကတော့ကြိုက်တဲ့သူနဲ့ပေါင်းသင်း ဘဲတွေစော်တွေတော့မရှုပ်နဲ တချို့က မုန့်ဖိုးများများမပေးဘူး သွားချင်တဲ့နေရာ တိုင်းကိုမသွားခိုင်းဘူး ညဘက်အပြင်မထွက်ရဘူး မျိုးစုံသောမိဘအသိုင်းအ၀ိုင်းတွေရှိကြတယ်

ခုနိုင်ငံရပ်ခြားမှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့နေ သင့်ပြီထင်လို့ ရင့်ကျက်စေချင်လို့ ယုံကြည်စိတ်ချစွာလွှတ်လိုက်
ပြီလေ.....
ဒါဟာဘ၀တစ်ကွေ့ချိုးဖြစ်သလို ယုံကြည်မှု့စတင်တည်ဆောက်သင့်တဲ့အချိန်လည်းဖြစ်တယ်
ကိုယ်မှန်တယ်ထင်တာကိုယ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့လုပ်တော့လေ...ဘာတွေတွေဝေနေဦးမှာလဲ
club သွားမလား beer ကိုယောက်ျားလေးတွေနဲ့ တွဲသောက်မလား..... တစ်လသုံးရမယ့် ပိုက်ဆံကို ၃ ရက်တည်းနဲ့ အပြီးသုံးမလား ငါးသုံးမလား ရည်းစားမထားခိုင်းတဲ့မိဘ...ကဲသူတို့ဘာတတ်နိုင်လဲ ငါအခု ထားတာ ၁၀ ယောက်ကျော်နေပြီလို့ စိတ်ထဲကနေကျိတ်ကျေနပ်နေလား.....
လုပ်လေ...ကိုယ်လုပ်လို့ သူတို့မှာနစ်နာသွားမှာလား သူတို့က ကျွန်တော်တို့ခြေထောက်တွေကိုခိုင်မာအောင်
သူ့တို့ရဲ့....နည်းဗျူဟာပေါင်းစုံနဲ့ ထောက်ပံ့ပေးပြီးသားလေ.....
ကိုယ်တိုင်ရပ်တည်နေတာ သူတို့ပိုက်ဆံတပြားမှမယူဘူး ကိုယ်တိုင် part time လုပ်ပြီး ကိုယ်တိုင်ဖြုန်းတာဘာဖြစ်လဲ ဟုတ်ပြီ...ဒီကိုရောက်အောင် လုပ်ပေးတာဘယ်သူ့ပိုက်ဆံလဲ
ခုဝတ်နေတဲ့ underwear ကရောဘယ်သူ့ပိုက်ဆံလဲ....ခုလိုမျိုးကျောင်းတက်နိုင်အောင်ရော...ဘယ်သူကပညာသင်ပေး
ခဲ့တာလဲ
တချို့သောသူတွေရဲ့အတွေးအခေါ်တွေက ဒီလိုမျိုးဖြစ်နေတတ်တယ်.....ခုငါလုပ်နေတာသူတို့မှမသိတာ
ကိုယ်သိတယ်လေ...ကိုယ်တိုင်အသိဆုံး....
ယုံကြည်မှု့ပေးထားတာကို....ပြန်ယူစေချင်လို့လား မိဘရဲ့ယုံကြည်မှု့ကိုအလွဲသုံးစားလုပ်မိရင်
ကိုယ်ရဲ့ယုံကြည်မှုပေးတဲ့အလှည့်မှာပြန်လည်ခံစားချင်လို့လား..........ယုံကြည်နိုင်ကြပါစေ


ဟီးဟီး.....ဒီလိုပါပဲဆရာကြီးလုပ်တယ်တော့ထင်ပါနဲ့....စိတ်ထဲမှာခံစားရတာလေးတွေချရေးလိုက်တာပါ

June 3, 2009

To..........

ယုံတန်းပုံပြင်တွေငါရေးဖူးပါတယ်....
ငါယုံတန်းပုံပြင်တခုဖြစ်မယ်လို့တော့မထင်မိခဲ့ဖူး
အသည်းကွဲတဲ့အတွဲတွေငါတွေ့ဖူးပါတယ်
ငါကိုယ်တိုင်အသည်းကွဲရမယ်လို့မတွေးဖူးဘူး
ချစ်တယ်လို့ငါခဏခဏပြောဖူးတယ်
ရင်ထဲကနေချစ်ခဲ့မယ်လို့ငါကိုယ်တိုင်မသိလိုက်ဖူး
မကြာခဏဗိုလ်ကျဖူးတယ်.....
ရှုံးနိမ့်သွားမယ်လို့မထင်လို့ပါ...
ခုတော့ကွာ.......
မင်း'လုပ်ရက်လိုက်တာ
ကျောက်ထွင်းနှလုံးသားပိုင်ရှင်....သို့

May 15, 2009

You Belong With M3



4My someone Special =)

May 12, 2009

Watch Me Shine



I'm not your average type of girl
I'm gonna show the world
The strength in me that sometimes they can't see

I'm about to switch my style
And soon things may get wild
But I will prove that I can conquer anything

So from my head to toe
I'm taking full control
I'll make it on my own..this time
(Better watch me shine)

CHORUS:
Better watch out going for the knockout
And I won't stop till I'm on top now
Not gonna give up until I get what's mine
Better check that I'm about to upset
And I'm hot now so you better step back
I'm taking over so watch me shine

oh oh oh

So..Get ready here I come
Until the job is done
No time to waste
There's nothing stopping me

Oh
But you don't hear me though
So now it's time to show
and prove I'm gonna be The best I can be

So from my head to toe
My mind body and soul
I'm taking full control
This time
(so watch me shine)

CHORUS

oooo..oh ya ya (oh ya ya)

BRIDGE:
Bet you don't think I can take it
But my mind and body are strong
Bet you don't think I can make it
It won't take long
(BRIDGE 2x)

Now watch me shine...

CHORUS

Now watch me shine.......

CHORUS

Watch me...
ooh oh oh
Watch me shine...
Watch me

May 10, 2009

TattOO



Today is my best friend YE` MYINT MG birthday
Happy Birthday MY BEST FRI....

သို့..............ကျွန်တော့်အမေ

ဒီနေ့အမေများနေ့ပေါ့.....လူတိုင်းမှာအမေရှိကြပါတယ်.....ကျွန်တော့်မှာလဲအမေရှိတယ်....
ကျွန်တော်ဒီနေ့အိမ်မှာ ထမင်းချက်စားတယ်..ပြီးတော့ဝက်သားကြော်တယ်..အဲ့အချိန်မှာကျွန်တော်
ဖုန်းကိုmessageရောက်လာတယ်အမေများနေ့ဆိုပြီးတော့ပေါ့...အဲ့အချိန်မှာmessage ကြည့်ပြီးတော့နေတုန်းပဲ
ရှိသေးတယ်.....ဆီပေါက်တယ်...ပူလိုက်တာဗျာ....သြော်စဉ်းစားကြည့်ပါဦး....ကျွန်တော့်တို့အမေ
ကျွန်တော်တို့ကို၁၉နှစ်လုံးလုံးဆီပေါက်ခံပြီးချက်ကျွေးလာတဲ့အမေ...မနက်အစောကြီးထမငြီးမညူပဲ...ထမင်းချက်
ထမင်းချိုင့်ထည့်....အိမ်အကူထားရင်...ပိုက်ဆံကုန်တယ်ဆိုပြီးကိုယ်တိုင်လုပ်နိုင်တယ်ဆိုပြီး...ကိုယ်တိုင်လုပ်တဲ့
မေမေ....ကျောင်းဝတ်စုံအဖြူတွေဆိုလျှော်ရတာဘယ်လောက်ခက်မလဲ...တံတောင်ဆစ်နေရာတွေကမဲလွယ်တယ်
လေ...ကျောင်းမှာသန့်သန့်ပြန့်ပြန့်လေးနေရအောင်...မီးပူတိုက်ရင်လဲပြန့်နေအောင်တိုက်ရသေးတယ်..
အဖြူကတယောက်စာတောင်မဟုတ်ဘူးကျွန်တော်နဲ့ကျွန်တော် ညီလေးနဲ့နှစ်ယောက်စာ....
ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုဘယ်လောက်တောင်ပင်ပန်းလိမ့်မလဲ....ခုတော့အသက်အရွယ်ရလာပြီအရင်တုန်းက
လိုမလုပ်နိင်တော့ဘူးဆိုပြီးအိမ်အကူခေါ်တယ်...ထမင်းဟင်းကိုမသန့်မှာဆိုးလို့ဆိုပြီးသူကိုယ်တိုင်ဖွယ်ဖွယ်ရာရာ
ချက်တုန်း.......
ကျွန်တော်ဒီရောက်လာတော့လဲ....ထမင်းစားမကောင်းမှာစိုးလို့ဆိုပြီး..လုပ်ပို့လိုက်ရတဲ့ဟင်းတွေ....
ကျွန်တော့်နေသွားတဲ့အခန်းလေးကိုကြည့်ပြီး...ကျွန်တော့်ကိုလွမ်းလို့ငိုတယ်တဲ့......
ကျွန်တော့်ကဖုန်းခကုန်မှာစိုးလို့ဖုန်းမဆက်တော့ညဘက်ကြီးလာပြီး...cybershopမှာpfingoလာပြောတယ်.....
မနက်ဆက်ရင်ကျွန်တော်အိပ်ရေးပျက်မှာစိုးလို့တဲ့....အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ကျွန်တော့်အမေက....
ကျွန်တော့်ကိုနေမကောင်းဖြစ်မှာစိုးရိမ်နေတယ်....ဘယ်လောက်တောင်တရားကျဖို့ကောင်းလဲ....
ကျွန်တော်က.....ဟိုဟာပို့လိုက်ဦးနော်ဒီဟာပို့လိုက်ဦးဆိုတာမှန်သမျှကိုလိုက်မှတ်ပြီးပို့ပေးရှာတယ်.....
ကျွန်တော်ဒီကနေ...မနက်တိုင်းညတိုင်း....သတိရနေပါတယ်.......
ဒီစာနဲ့..လောကမှာရှိတဲ့အမေတိုင်းကိုရိုသေလေးစားစွာရှိခိုးဦးချကန်တော့လိုက်ပါတယ်.....

April 30, 2009

ကျွန်တော်တို့ကျောင်းကပွဲ......


ဒါကတော့ကျွန်တော်တို့ကျောင်းရဲ့ပထမဆုံးသောRP thingyan ပေါ့ဗျာ......လက်မှတ်လေးတွေရောင်းနေပါပြီ..
ကျွန်တော်...လက်မှတ်ရောင်းတဲ့အပိုင်းမှာအနည်းနဲအများတာဝန်ယူလိုက်ပါတယ်.....ရောင်းချရေးလေးစတင်ပါမယ်
TP thigyan လိုမျိုးပေါ့....ကျွန်တော်တို့Republic Polytechnic ကမြန်မာကျောင်းသားတွေစုပြီးလုပ်တာပါ...
ဒါဟာကျွန်တော်တို့ ကျောင်းရဲ့ပထမဆုံးပါ....perfect ဖြစ်မယ်လို့မပြောချင်ပါဘူး
အစားအသောက်လဲပါမှာပါ....ရက်ကလဲ...တနင်္ဂနွေဆိုတော့သူငယ်ချင်းမိတ်ဆွေလူကြီးလူကောင်းများ
အားမည့်ရက်ပါ....အချိန်ကလဲ...၂နာရီခွဲကနေ...၇နာရီဆိုတော့...အဆင်ပြေတာပေါ့နော်..အရမ်းကြီးလဲနောက်မကျပါဘူး
ကျွန်တော်တို့ပိုက်ဆံချမ်းသာလွန်းလို့လုပ်တာမဟုတ်ပါဘူး ခမ်းမကိုငှားရတာ ၁၀၀၀၀ ကျော်လောက်ကုန်ပါတယ်...စီနီယာတွေကပိုက်ဆံတွေစု...fan ငွေတွေစုပြီးလုပ်ရတာပါ....
တချို့က..ပိုက်ဆံအကုန်ခံပြီးတော့...လက်မှတ်ဝယ်ပါတယ်...လူမလာပါဘူး....ခမ်းမကလူထောင်ကျော်ဆံ့ပါတယ်...
လူတွေမရှိတဲ့ခုန်အလွတ်တွေကိုဘယ်သူမှကပြချင်ကျမှာမဟုတ်ပါဘူး...မာနကြီးလို့မဟုတ်ပါဘူးဝမ်းနည်းလို့ပါ...


ဈေးနှုန်းကလဲ...၁၂ကျပ် ထဲပါ...ကြွရောက်လာခဲကြဖို့ဖိတ်ခေါ်ပါတယ်...

Date : 10th may 2009 (Sunday)
Time : 2:30pm to 7:00pm
Venue: Republic Polytechnic
The Republic Cultural Center Theater
Ticket Price: 12$


ဆက်သွယ်ရန်......ဖရဲသီး : ၉၀၆၂၀၁၇၁ သို့ဆက်သွယ်နိုင်ပါတယ်......အသေးစိတ်စုံစမ်းနိုင်ပါသည်.....

ကျွန်တော်ရေးတာမဟုတ်ပါ....

အလွမ်းရက်ရှည်

သစ်ရွက်တွေကြွေ
ပန်းတွေဝေလည်း
အတွေးမှာမင်းသာ
ကြည်နူးဆွတ်ပျံ့
ပေါ်လာစမြဲ
အို...လွမ်းရသူရယ်
နှုတ်ခမ်းပါးလေးနဲ့
ချစ်စရာအကောင်းဆုံး
မင်းလေးအပြုံးကို
တမ်းတမိလေရဲ့
အို...လွမ်းရသူရယ်
နာရီတွေလည်ရင်း
အလွမ်းတွေတွယ်ရင်း
ပူပြင်း ဧပြီ
ရာသီ ဧကရီ
ကျော်လာခဲ့ပြီ
အို...လွမ်းရသူရယ်
ငါ့ရဲ့ဘဝ
လှပ သခင်မ
အဖြူရောင် သမင်မ
ကြင်နာ ထာဝရ
အချိန်ဟာ တခဏ
ရက်ရှည်အလွမ်း
ဤဇာတ်လမ်းကို
ဘယ်ထိဆုံးအောင်
စောင့်ရပေလိမ့်
အို...လွမ်းရသူရယ်
blogspotမှာထည့်ပေးပါနော် မ

April 26, 2009

မ ....မရှိနေ့များ



၈တန်းလောက်တုန်းကကျွန်တော်tomboyတုန်းက...ဇင်မာသန်းဆိုတဲ့ "မ" ကို...အရူးအမူးချစ်ခဲ့တုန်းက
အရူးအမူးကြိုက်ခဲ့တဲ့သီချင်းလေးပါ
တချိန်တုန်းကပေါ့...သူကကျွန်တော့်ရဲ့အချစ်ဦးလေ...ကျွန်တော်ကမိန်းကလေးကျောင်းထွက်ပါ...
ပန်းကောင်းပွင့်တဲ့..စမ်းချောင်း(၂) ကပေါ့
သူငယ်ချင်းတွေစော်တွေထားကြတယ်....လိုက်ပြီးဟားတိုက်တာပေါ့....ယူလို့ရတာလဲမဟုတ်ပဲနဲ့...
ချစ်လိုက်ကြိုက်လိုက်ကျောင်းပတ်လိုက်နဲ့..နောက်တော့လဲပြီးသွားမှာကိုဆိုပြီးတော့...ဟားတိုက်တာပေါ့...
သူကိုစတွေ့တဲ့နေ့ကတော့...၇တန်းနှစ်ကပေါ့....ကျွန်တော်က..(B) ခန်းမှာ...သူက (C) ခန်းမှာ..သူငယ်ချင်းနဲ့
ပတ်သတ်ပြီးခင်တာပေါ့နော်...အဲ့တုန်းကတော့သူကိုကြိုက်တယ်ဆိုယုံလောက်ပဲ....
၈တန်းကြတော့...သူနဲ့တခန်းတည်းအတူတူစာသင်ရတယ်....ပြီးတော့ကျောင်းတက်လာတဲ့ကာလ..တစ်လျှောက်
လုံးမှာ ၈တန်းနှစ်ကတော့အပျော်ဆုံးနှစ်ပေါ့.....ဆရာမတွေကလဲသဘောကောင်း...သူငယ်ချင်းကလဲ(၆)ယောက်ပဲပေါင်း
တယ်..အဖွဲ့လိုက်...မ...ကိုကျွန်တော်ချစ်တာ...၈တန်းတစ်ဆောင်လုံးသိတယ်....ဆရာမတွေကော...ကျွန်တော့်မိဘ
တွေရောသူမိဘတွေရော....ဘာလို့လဲဆိုတော့...ကျွန်တော့်ရဲ့..ဘယ်ဘက်လက်ဖမိုးမှာ...ထောက်ချွန်နဲ့...မ...့ရဲ...
နာမည်..ZMTဆိုပြီး...ထိုးထားတယ်....ခုထိရှိတုံး....
သူကကျွန်တော့်ရဲ...အချစ်ဆုံး၊ အချစ်ဦး၊..ခုထိလဲချစ်တုံးပဲ....ချစ်တယ် ...မ...ရယ်...
ချစ်တတ်ကြပါစေ

April 22, 2009

ဒီလမ်းမှာပဲဆက်လျှောက်မယ်....


မကျေနပ်လဲကြိုက်သလိုပြော..မှားနေတယ်ထင်ရင်တော့ပြော..မှန်နေရင်
မနာလိုမဖြစ်နဲ့
(နင်ဘက်က "ယ"ဒါပေမယ့်ငါ့ဘက်က'က'ဖြစ်နေတတ်တယ်)

..သူငယ်ချင်းဆိုတဲ့အပြောနဲ့...နောက်ကွယ်ကနေဓါးနဲ့ထိုးတယ်..
ရတယ်...ကျွန်တော်ကမှန်လိုလူသား...အငြိုးအတေးမထားပေမယ့်...ရန်စတော့ရှိတယ်
ခုမှကြောက်မနေနဲ့...
(လုပ်ရဲတာမှမဟုတ်..ခံရဲတာလဲသတ္တိပဲ)
သွားတော့...နင့်ကိုအလိုမရှိတော့ဘူးလို့မောင်းထုတ်လိုက်..မပြောချင်သလိုပြောချင်သလို
လိုလုပ်မနေနဲ့...ရင်နာတယ်...
(ဟန်ဆောင်ပြုံးသောအပြုံးများသည်...ခံရခက်သည်..)
နင်၂မှတ်ရတယ်..ငါ၁မှတ်ရတယ်...ငါ့ရှေ့မှာလာပြီး....
နင်ကိုယ်နင်တော်တော်အသုံးမကျပါလားလို့ပြောမယ့်အစား...ငါ့ကိုချီးကျုးပါလားလို့
ဗြောင်ပြောလိုက်စမ်းပါ...မချိတချိလာမရိနဲ့.....
(ကိုယ်သည်သာကိုယ့်ပြိုင်ဘက်ဖြစ်ပါစေ)
နင်ခင်တဲ့သူတိုင်းငါမခင်ဘူး...နင်သွားဘူးတဲ့နေရာတိုင်းငါမရောက်ဖူးဘူး...နင်ပွေတိုင်းလဲငါမပွေဘူး
နင်စိတ်ကောက်တိုင်းလဲငါချော့ဘူး...နင်သိသလာက်လဲငါမသိဘူး...ဒါနဲ့....နင့်ငါ့နေရာမှာဆို....
ငါ့ပြုံးသလောက်ပြုံးနိုင်ပါ့မလား....
(မနာလိုခြင်းသည်...အပြုံးများကိုမဲ့သောအသွင်ပြောင်းနိုင်၏)

April 20, 2009

တိမ်တွေလို....နင်ကော..တိမ်တွေလိုလွင့်သွားပြီလား...

ရယ်နိုင်ပါစေ

တခါကရွာတရွာမှာ..စာအုပ်တအုပ်အမြဲဆောင်လေ့ရှိတဲ့သူတယောက်ရှိတယ်...သူ့နာမည်ကမောင်ဥာဏ်ကြီးတဲ့
သူဘယ်သွားသွားစာအုပ်တအုပ်အမြဲပါတယ်...
ဒါနဲ့ရွာသူကြီးကသူ့ကိုသတိထားမိတာပေါ့..အင်းဒီသူငယ်တော်မယ့်ပုံပဲ..င့ါသမီးနဲ့ပေးစားရရင်ကောင်းမယ်ပေါ့
ဒါနဲ့မောင်ဥာဏ်ကြီး..သူ့အိမ်ရှေ့ကဖြတ်သွားတုန်း..
"ဟေ့သူငယ်လာပါဦးကွယ်..."
"ဟုတ်ကဲ့ခင်ဗျာ" ဆိုပြီးဝင်လာတာပေါ့....ဒါနဲ့
"မောင်ရင်နာမည်ဘယ်လိုခေါ်သလဲ..."
"ကျွန်တော်နာမည်မောင်ဥာဏ်ကြီးပါခင်ဗျာ"
"မောင်ဥာဏ်ကြီးရေရှင်းရှင်းနဲ့လိုရင်းပဲပြောမယ်ကွယ်မောင်ရင်က..ဘယ်နေရာသွားသွားစာအုပ်လေးနဲ့မို့
ပညာတတ်တယောက်နဲ့တူတယ်...အပြောအဆိုလဲယဉ်ကျေးတော့မောင်ရင့်ကိုဦးသမီးနဲ့ပေးစားမယ်ကွယ်"
ဆိုပြီးမောင်ဥာဏ်ကြီးတယောက်မိန်းမရသွားပါလေရော...မောင်ဥာဏ်ကြီးကအမှန်တော့မျက်စိမှုန်ရှာတယ်..
ဒါနဲ့တနေ့တော့သူကြီးက..သူပိုင်ဆိုင်တဲ့ယာခင်းတွေ၊လယ်ခင်းတွေကိုပြမယ်ဆိုပြီးခေါ်သွားတယ်....
မြင်းတွေကသွားနေကြဆိုတော့..တက်လိုက်တယ်ဆိုရင်ပဲ...သွားနေကျနေရာကိုသွားကြတယ်....
အိမ်ကအထွက်မှာ...ထုတ်တန်းကြီးရှိတယ်...အဲ့ဒါကို..
သူကြီးက.."မောင်ဥာဏ်ကြီးငုံ့လိုက်ငုံ့လိုက်တန်းရှိတယ်.." ဒါနဲ့သူလဲငုံ့လိုက်တာပေါ့.
အပြန်ကျတော့..သူကြီးကဟိုဘက်ရွာသွားလိုက်ဦးမယ်ဆိုလို့..မောင်ဥာဏ်ကြီးတယောက်တည်း...
ပြန်လာတယ်..ထုတ်တန်းကြီးကိုမငုံ့မိလို့တိုက်ပါလေရော...ဒါနဲ့သူ့မိန်းမက
"ကိုဥာဏ်ကြီးဘယ်လိုဖြစ်တာလဲတော်"
"နင်မသိရင်အသာနေစမ်းပါ..ငါကထုတ်တန်းကြီးခိုင်မခိုင်ခေါင်းနဲ့တိုက်ကြည့်တာ"
ထမင်းစားသောအခါတွင်လဲ..ထမင်းစားပွဲက..သူကြီးအိမ်ဆိုတော့အကြီးကြီးပေါ့
"ကိုဥာဏ်ကြီးရေ...ထမင်းစားပွဲထောင့်မှာဆိတ်သားခြောက်ဖုတ်ရှိတယ်နော်.."
"အေးအေးစားလိုက်ပါ့မယ်" သူပြောသာပြောတာမမြင်ဘူး...လိုက်စမ်းနေတုံးလူမြင်သွားမှာစိုးလို့မစမ်းတော့ပဲ
ဒီအတိုင်းပဲစားနေတယ်...အဲအချိန်မှာ.ကြောင်ကတက်စားပါလေရော...
မိန်းမက..နောက်ဖေးကထွက်လာတော့
"ကိုဥာဏ်ကြီးဆိတ်သားခြောက်ကြောင်တက်စားနေပြီရှင့်"
"ငါသိပါတယ်..ဒီကြောင်လေးငါသနားလို့ကျွေးထားတာ..."
ဒီလိုနဲ့နေလာတာတညနေမှာ...ရွာမီးလောင်ပါလေကော...
"ကိုဥာဏ်ကြီးထွက်ခဲ့....ထွက်ခဲ့..."
"နင်ကလဲဒီမှာသိမ်းစရာရှိတာသိမ်းနေတာ..."တကယ်တော့ညနေကြီးဆိုတော့သူမမြင်ရတော့တာ
တံခါးပေါက်ကိုရှာမတွေ့တာ...ကဲဖြစ်ချင်ရာဖြစ်ကွာဆိုပြီးသူလဲခုန်ချလိုက်တယ်..ကံကောင်းချင်တော့ရေတွင်းထဲ
ကျသွားတယ်...
"ကိုဥာဏ်ကြီးဘာလုပ်နေတာလဲ..ရေတွင်းထဲမှာ.ဘာလုပ်နေတာတုံး"
"ကဲပြောရေပုံးပေးရေပုံးပေးမီးလောင်နေတယ်ဆို"
"မီးညိမ်းသွားပြီတက်ခဲ့တော့"ဆိုပြီးလှေကားချပေးတယ်
ရေတွင်းကဘောင်မခတ်တဲ့ရေတွင်းဆိုတော့ကိုဥာဏ်ကြီးခင်ဗျာ...တက်နေတာမြေကြီးတောင်
ကျော်နေပြီ...
"ကိုဥာဏ်ကြီး..ဘာတက်လုပ်တာတုံး.."
"နင်ဘာသိလို့တုံးမီးညိမ်းလားတက်ကြည့်တာ.."တကယ်တော့သူမမြင်တာပါ..
"ကဲကဲလာပြီ"ဆိုပြီး..ခုန်ချလိုက်တာ...ခွေးပေါ်တဲ့တဲ့ကျပါလေရော....
"ကိုဥာဏ်ကြီးခွေးကိုမမြင်ဘူးလား...."
"နင်ဘာသိလို့လဲ...ငါအဲ့ခွေးကိုအမြင်ကတ်နေတာကြာလှပြီ..."


အကြောင်းပြချက်ရှိနိုင်ကြပါစေ....

နင်ထားခဲ့သော....

ဆောင်းရာသီမှာငါချမ်းရင်
နင်ဖက်ထားပေးဦးမှာလား?
နှစ်သာပြောင်းသွားတယ်...နင့်ရဲ့အနမ်းတွေ..
ငါမမေ့သေးဘူး...
နင့်ရင်ခွင်မှာ....ငါ့အတွက်အနွေးဓါတ်ရှိသေးလား..
ဟန်ဆောင်ပြီးခေါင်းမညိတ်နဲ့.....
အေးစက်စက်နင့်အပြုံးတွေကို
ငါမုန်းတယ်....ကုန်ကုန်ပြောမယ်...
နင့်ရဲ့...ကျောက်ထွင်းနှလုံးသားကိုလဲ...မုန်းတယ်...
ငါလွမ်းနေမှန်းသိရက်နဲ့...နင်ထားခဲ့ရက်တယ်...ခုတော့
ကျန်ခဲ့တဲ့ငါသာ...ယဉ်ယဉ်လေးနဲ့ဂေါက်နေတာ.....

April 19, 2009

ပြုံးရုံနှင့်ကျေနပ်သည်..


သူငယ်ချင်းပြောတဲ့စကားလေးတခွန်းပြန်ပြောတာပါ...
An apple a day keeps the doctor away..
But if the doctor is handsome, keeps the apple away..
တဲ့.....လွမ်းမိပါတယ်...သူငယ်ချင်းရယ်...

စပျစ်သီးစားနေသည်...


မိုးကြိုးတချို့ကချောင်းဟန့်လိုက်ချိန်မှာ...
ငါ့ရဲ့ဘယ်ဘက်ရင်ခွင်မှာမိုးကြိုးသွားကအတောင့်လိုက်ကြီးစိုက်လို့
မဆိုးပါဘူးဈေးကောင်းရမယ်ထင်တာ..
သွားရောင်းတော့အတုကြီးတဲ့..
ဒါနဲ့ပဲအမှတ်တရဆိုပြီးသိမ်းထားတာ...အပင်တောင်ပေါက်လာတယ်..
ထူးဆန်းတယ်...ပင်စည်တုတ်တုတ်နဲ့စပျစ်ပင်ကြီး.....
မမြင်ဘူးလို့မော့ကြည့်တာကို...သွားလူဆိုးတဲ့....
"ငါဘာလုပ်လို့လဲ..."
"သူများက စကတ်ဝတ်ထားတာကို...."
စဉ်းစားလို့မပြီးခင်မှာ....ကြက်တွန်သံမဟုတ်တဲ့ နှိုးစက်မြည်တယ်...

April 18, 2009

GooD BY3

ငါ့ရင်ဘတ်ထဲမှာ...အခုဆိုရင်ဟောင်းလောင်းပေါက်တွေနဲ့
အသံတွေဆွံ့အ..အာခေါင်ထဲကသွေ့ခြောက်နေခဲ့...
ငါသာတန်ခိုးရှိရင်ခုဘ၀မှာတောင်းဆုတခုထဲ..
အခွင့်ရေးတခုကိုနောက်တပ်ရချင်တယ်.ငါလက်ပြလို့နှုတ်ဆက်ရင်း
ရင်မှာဆို့လာခဲ့..ကြိုးစားထိမ်းထားလဲယောကျာင်္းတန်မဲ့မျက်ရည်စို့ပါတယ်
မျက်နှာချင်းဆိုင်ရမှာခက်လို့မျက်နှာလွဲပေမယ့်...နံရံ၊ကြမ်းပြင်နဲ့မျက်နကြပ်မှာ
နင့်မျက်ဝန်းတွေပဲ..မသွားနဲ့၊နင်မသွားပါနဲ့..ငါ့ကိုမထားခဲ့ပါန
ဒီစကားတွေကြားရဲ့သားနဲ့..ဘာကြောင့်မို့နင်ထားခဲ့တာလဲ..ဲ့
ငါနားလည်ပါတယ်..ဒါကနင့်ရဲ့အခြေအနေပေါ့..ငါ့ဘက်ကတော့
အသဲတွေကြွေလဲနေပါစေတော့ pls pls အောက်ကြို့ပြီးတော့တောင်းပန်တယ်
ဆိုးဝါးလွန်းတဲ့အတိတ်ဘ၀ရဲ့အကြောင်းကံရယ်..အခုအရွယ်ထိ
အချစ်အတွက်ဆိုအကျိုးနဲနေဆဲ...
လေယာဉ်ပျံကြီးထွက်ခွာသွားတယ်.မိုးထဲလေထဲ
cho..(ဖြူဖြူစင်စင်ကောင်မလေးကို..တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း
ဘာမှရေရေရာရာမတွဲရသေးခင်..မြန်မြန်ဆန်ဆန်လမ်းခွဲပြီ..
ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်..ကျွန်တော်ယုံယုံကြည်ကြည်ချစ်ခဲဖူးတယ်
ခုတော့နာနာကြင်ကြင်နှုတ်ဆက်ရပြီ..ဟေး..တာ့တာ)
နင်ပြေးလို့ထွက်သွားပြီ.ငါဆွေးလို့ကျန်ခဲ့..
ပိုးသားလေကြောင်းနဲ့နင်အဝေးသို့ပြန်ခဲ့..ရေမြေခြားခဲ့ပြီဘ၀တွေကခြားခဲ့ပြီပဲ
အခြေအနေကွာခြားခဲ့ပြီကမ္ဘာခြားခဲ့ နင်မဖတ်ဖြစ်တဲ့email တွေလဲ..တနေ့ကို
အစောင်၁၀၀ မကအဖိုးကြီးဖြစ်တဲ့.အချိန်အထိငါငေါင်မှာလားခက်တယ်..
ဖုန်းတွေဆက်ပါတယ်..onlineပေါ်မှာတက်ရှာတယ်...
စိန်ရွှေငွေ..စည်းစိမ်တွေထက်နင့်ကိုပိုပြီးမက်ပါတယ်.
အသွင်မတူတဲ့လူတွေထဲဘယ်သူ့လက်ကိုမင်တွဲမလဲ...
မင်းပေါင်းတဲ့ကောင်တွေထက်ငါကအရာရာဆင်းရဲတယ်..ဗလာနဲ့သုညပဲ
မခုန်ချတာမမှားဘူးပေါ့..လက်ထပ်ဖို့မျှော်လင့်ချက်တွေအဖျားရှူးရော..
သွားပြီမိုင်ပေါင်းများစွာကုဋေကဋာကို..ပြန်ဆုံဖို့လမ်းစကမရေမရာမို့
ဒီရင်ကဝေဒနာမျိုး..သိပ်ဆိုးလို့ခြေမှိုင်လက်မှိုင်...ဒီဘ၀တော့ဒီမျှပဲပေါ့
ဘေဘီ ဘိုင့်ဘိုင်..
cho...
အဲ့ဒီအချိန်ခဏမှာ..ကျွန်တော့်ကိုကျွန်တော်..ပျောက်ဆုံးသွားတာ
ဘာဆိုဘာမှမရှိတော့ဘူး တူတူမဆုံနိုင်တာဟာသေချာသွားပြီ
ဘာတွေရယ်ဘယ်လိုဖြစ်သွားလဲ..နာကျင်ခြင်းကိုဟန်လုပ်ပြုံးနေလဲ..
ငါ့နှလုံးသားကွဲကျေပြီ..
cho...

April 17, 2009

ပေါ်ပေါက်လာသော..စကားပုံ


ဆရာမတယောက်...ကိုးတန်းကျူရှင်တက်တုန်းကပြောပြတာပါ..
လယ်သမားတယောက်...သူ့မြေကွက်ကိုတူးရင်းနဲ့..ဦးခေါင်းခွံတခု
ကိုတွေ့တယ်...ဒါနဲ့ပဲcompany တခုက..သူ့ရဲ့မြေကွက်ကိုဝယ်လိုက်တာပေါ့..
ပြီးတော့...စူစမ်းပါလေရော...တူးရင်းတူးရင်းနဲ့...မြို့ကြီးတမြို့..ကိုတွေ့ရတယ်...
ဒါက...ဘယ်မြို့လဲ၊ဘာလို့ပျက်သွားတာလဲ၊ဘယ်အချိန်ကတည်းကလဲ...
ဆိုတဲ့မေးခွန်းတွေ..ကြုံလာရတာပေါ့...ဒါကိုပုံပြင်လိုဒဏ္ဍရီလိုပြောပြခံရတဲ့..
လူတယောက်ရောက်လာတယ်.....
ထိုလူ: ကျွန်တော်သေချာတယ်လို့မပြောချင်ပါဘူး...
ကျွန်တော့်ရဲ့..အဘိုးကို
သူ့အဘိုးပြောပြခဲ့တဲ့ပုံပြင်လို့ပဲထင်နေတာပါ...့
ခုကျွန်တော်ပြန်ပြောနိုင်တာက...
ကျွန်တော့်အဘိုးအရင်တပတ်ကဆုံးသွားလို့...
သူ့ပစ်စည်းတွေ...သိမ်းတော့..
သူ့ရဲ့မှတ်စုထဲက..စာတွေ့လို့ပါ....
ဒီမြို့လေးဟာကူးသန်းရောင်းဝယ်ရေးသာယာတဲ့မြို့လေးပါ
တနေ့မှာဒီမြို့လေးရဲ့မီးတောင်ကြီးက..အသံတွေမြည်လာပါတယ်..
ထူးဆန်းတာမှမဟုတ်တာ...နောက်သုံးရက်လောက်နေတော့..
အပူငွေ့တွေထွက်လာပါတယ်...နောက်တော့..
ရေပေါ်မှာပေါ်တဲ့ကျောက်တုန်းတွေတောင်
ကျပါတယ်...အခြေအနေမကောင်းဘူးလို့ထင်တဲ့..
လူတွေက..အထုပ်အပိုးတွေပြင်ထား
ကြပါတယ်..တချို့ကတော့ဗေဒင်တွေနတ်ခတ်တွေအရ..
ပြောင်းသွားကြတယ်..
သုံးပုံနှစ်ပုံလောက်ကတော့မပြောင်းရွေ့ပဲကျန်ခဲ့ကြတယ်...
နောက်..ခဲလုံးတွေက...ရက်တွေနဲ့အမျှကြီးကြီးလာကြတယ်..
လူတွေအားလုံးကြောက်လန့်တကြားထွက်ပြေးကြတယ်...
ဒါပေမဲ့..သူတို့အားလုံးနောက်ကျသွားခဲ့ပြီ..ကျောက်တုံးတွေက..
အိမ်လောက်တွေရှိကုန်ပြီ..
လူတွေအားလုံးသေဖို့ကိုပဲ..စောင့်ကျန်ခဲ့ရတော့တယ်.....
ဘယ်လောက်တောင်ခြောက်ခြားဖို့ကောင်းလိုက်မလဲ...
တူးလို့ရလာတဲ့အရိုးစုတွေမှာ...
တယောက်နဲ့တယောက်..အားကိုးတကြီးဖက်ထားကြတယ်လေ...
ထူးဆန်းတာက
သူတို့တွေအားလုံးမှာနောက်ဦးခေါင်းခွံတွေမရှိကြတော့ဘူး...
အပူဒဏ်ကြောင့်အားလုံးမသေခင်ပဲပွင့်ထွက်ကုန်ကြတာလေ...
ချောရည်ပူတွေနဲ့..မီးခိုးတွေက..လမင်းကြီးတောင်..အပြာရောင်ဖြစ်သွားလို့
နှစ်ပေါင်းများစွာနေမှတခါကြုံတဲ့..အဖြစ်အပျက်တွေကို..
once in a blue moon လို့ခေါ်သတဲ့...ကျွန်တော့်ဆရာမပြောပြတာပဲ...
မောင်မိုးညိုကတော့..အချိန်ကြောင့်တဲ့...ဒါကစကားပုံပြောပေါက်လာတဲ့
အကြောင်းကိုပြောထားတာလေ...ဒဏ္ဍရီလေးလိုပေါ့....

မဟောင်းသေးတဲ့ရင်ခွင်


ခြေရာမပါတဲ့..အလွမ်းတွေ
ငါ့ဆီကိုတံခါးလာခေါက်တယ်..
ဖွင့်မပေးဘူးဆိုပြီးအော်နေတုန်း
ငါ့ရင်ခွင်ထဲမှာ..
အခန့်သားထိုင်လို့

သွားတော့လို့အော်နေပင်မဲ့
လက်ကဆွဲထားမိတယ်
မုန်းတယ်ဆိုတာ...
နင့်အပေါ်ခံစားချက်ရှိတုန်းပဲ
မျက်နှာလွှဲလိုက်တာ
ငါမျက်ရည်ဝဲတာနင့်ကိုမသိစေချင်လို့ပါ...

April 16, 2009

လာချင်ဦးဟဲ့...စင်ကာပူ

၁၅ရက်နေ့ကစပြီး စင်ကာင်္ပူလူမျိုးဆိုတဲ့..ဘ၀င်ခပ်မြင့်မြင့်တွေနဲ့တွေ့ရတယ်....
တချို့ကတော့ကောင်းပါတယ်..တချို့ကတော့.....
သူတို့နဲ့ ဆက်ဆံရတာ...ခက်ခဲတယ်....
သူတို့ပြောတဲ့စကားလေယူလေသိမ်းကတမျိုးပဲ....
တရုတ်လေယူလေသိမ်းနဲ့ခပ်ဆင်ဆင်ရယ်....
ပြီးတော့စကားပြောရင်..တိုးတိုးသွားတာက...
တကယ်ဆိုးတယ်....ဒါနဲ့တင်ဘယ်ကမလဲ...
တခါပြောလို့နားမလည်ရင်...နောက်တခါ..
လူနားလည်မဲ့စကားနဲ့ထပ်ရှင်းပါလား...ခုတော့မဟုတ်ပေါင်...ဒါပဲထပ်ပြောတယ်...
ရော်နားမလည်ပြန်ဘူးထပ်မေးတယ်...
never mind, never mind lah ဆိုပြီး...
ခေါင်းတွေလက်တွေခါပြီးဟိုဘက်လှည့်လှည့်သွားတယ်....အမြင်ကိုကပ်တယ်....
student leader ဆိုတဲ့ဟာတွေက ရှိသေးတယ်....
တခြားအသင်းတွေတော့မသိပါဘူး
ကျွန်တော့်အသင်းကတော့...ဟိုstation ကလူများတယ်..
နောက်တနေရာသွားတယ်...
နောက်stationလဲလူများတယ်..ဆိုပြီးဟိုမရောက်ဒီမရောက်နဲ့..
ဘယ်station မှကိုမပြီးဘူး
နောက်တော့...foreign students တွေပြီးအားပေးမလားမှတ်တယ်...
သူတို့ဟစလုံးအချင်းချင်း
မလေးလိုပြောလိုက်..တရုတ်လိုပြောလိုက်နဲ့..ရှုပ်ယှက်ကိုခတ်နေတာပဲ..
ကျွန်တော့်သူငယ်ချင်းက...တရုတ်လိုတတ်တယ်..
.အဖွဲ့ထဲမှာလူ၅ယောက်ရှိတယ်..
ကျွန်တော်၁ယောက်တည်း..တရုတ်လိုမတတ်တာ...ရေလည်စိတ်ညစ်ရပါတယ်...
ဒါပဲလား...ဘယ်ဟုတ်လိမ့်မလဲ...အတင်းကလဲတုတ်သေးတယ်....
တရုတ်လိုကနဲနဲတော့နားလဲတာပေါ့...
ထားရှိ.ထားတဲ့.(သူမ လို့တရုတ်လိုပြောခြင်း)
နဲ့ပြောနေလိုက်ကြတာ..အားရပါးရပဲ...
ဒီကောင်တွေနဲ့နောက်သုံးနှစ်လုံးဘယ်လိုစခန်းသွားရမလဲ....
နောက်ဆုံးအဖြေကတော့ကြိုးစားပေါ့...
ကဲ..ရောင်းရင်းတို့ရေ.....ရွှေမြန်မာတဲ့ဟေ့..
မြန်မာအကြောင်းပြလိုက်ကြဦးစို့....

စမ်းကြည့်ပါလား..



ကျွန်တော်၈တန်းလောက်တုန်းက...အိမ်ကိုမေ့မေ့သူငယ်ချင်းလာလည်တယ်...
သူသမီးနဲ့ကျွန်တော်နဲ့..တူတူအိပ်ရတာပေါ့...
အဲ့အမကြီးက..ကျွန်တော်မှာရည်းစားရှိလားတဲ့...
ကြံကြံဖန်ဖန်...ဗျာ...ဒီအရွယ်နဲ့..ရည်းစားထားရင်..အိမ်ကနှင်ချခံရမှာပေါ့...
သူကတော့သူမှာရည်းစားရှိတယ်သူ့ရည်းစားကိုလွမ်းလို့
.....ညကျရင်အိမ်မက်ထဲမှာတွေ့ချင်တယ်တဲ့...
ရော်ခက်ပြီ...လာလာ...လို့လဲခေါ်လို့ရတာမဟုတ်...
သူကရယ်ပါတယ်..သူ့မှာသူ့နည်းနံသူရှိတယ်တဲ့..
ကျွန်တော့်ကို..နှင်းဆီအ၀ါသာရှာပေးပါတဲ့....
ရှာပေးလိုက်ပါတယ်.....
သူပြောတာက...
မြေပေါ်မကြသေးတဲ့နှင်းဆီအ၀ါရောင်ပွင့်ဖတ်မှာ..ကိုယ်မက်ချင်တဲ့.
သူရဲ့နာမည်ကိုမင်အပြာရောင်ရှိတဲ့ဘောလ်ပင်နဲ့ရေးပြီးခေါင်းအုံးအောက်မှာ
ထားအိပ်ရင်...ရတယ်တဲ့...
အဲ့နေ့ကနှင်းဆီအ၀ါတော့တွေ့ပါတယ်...
မကြွေသေးတော့မစမ်းကြည့်လိုက်ရဘူး...
နောက်နေ့ကျွန်တော်စမ်းကြည့်တယ်...
.တိုက်ဆိုင်တာလားတကယ်လားတော့မသိဘူး...
တကယ်မက်တယ်ဗျ.....မယုံလို့...၃ခါလောက်စမ်းကြည့်တယ်....
၂ခါလောက်က...သေချာတယ်
နောက်တခါက..ဗျာ..ကံဆိုးလိုက်တာ.
သူကနောက်တယောက်နဲ့တွဲနေတာကိုမက်တာ......

Be Best Friend!!!

ငယ်သူငယ်ချင်းများဖြစ်ကြကုန်သော်.......
သူငယ်ချင်း၆ယောက်ဘ၀ကိုသတိရသောအားဖြင့်.....
လွမ်းတယ်....သူငယ်ချင်းတို့ရယ်........ :(

April 15, 2009

ငယ်ငယ်တုန်းက...ကျွန်တော်တို့...


၁၀ တန်းဖြေပြီးကာစတုန်းကပေါ့.
ကျွန်တော်တို့တွေက...စမ်းချောင်း(၂).ကျောင်းထွက်တွေ..
မိန်းကလေးကျောင်းပေါ့ဗျာ...
သူငယ်ချင်းအားလုံးပေါင်း...၆ယောက်ရှိတယ်...
၁၀တန်းဖြေပြီး..တော့ကန်တော်ကြီးကသွားလည်ကြတာပေါ့ဗျာ
ဟိုကြည့်..ဒီကြည့်နဲ့...စာအုပ်တန်းဘက်ရောက်သွားပါလေရော..
ကန်တော်ကြီးကစာအုပ်ဆိုင်တွေက...လူသိပ်မရှိဘူးလေ...
ဒါနဲ့ကျွန်တော်တို့..တဖွဲ့ဆိုင်ထဲဝင်ပြီးလျှောက်မွှေကြတာပေါ့..
တနေရာရောက်တော့...ပီမိုးနင်းရဲ့...စာအုပ်တန်းကိုတွေ့တယ်...
ငယ်တုန်းဆိုတော့...သိတဲ့အတိုင်း...လူအထင်ကြီးခံချင်ကြတာကို..
ဟာ..ဆရာကြီးပီမိုးနင်းပါလား..ဘာလား..ဆိုပြီး...မသိရင်...
အမြဲတမ်းဖတ်တဲ့ပုံတွေဘာတွေလုပ်ပြီး
စာအုပ်တွေဘာတွေရွေးတာပေါ့...
၁၀တန်းတုံးက...သိခဲ့တဲ့....ကိုယ့်ထူးကိုယ်ချွန်စာအုပ်ပါလား..
ဘာလားဆိုပြီး..တော့ဟိုရွေးဒီရွေးလုပ်ပြီးတော့..
စာအုပ်တန်းရဲတထောင့်မှာ....
စိန်ကဲ၊ရွှေကဲ၊ထက်...မိန်းမကဲသည်မှန်းရခက်၏..
ဆိုတဲ့စာအုပ်တွေ့ရော
ကိုယ်ကမိန်းကလေးကျောင်းထွက်..
ခုမှ၁၀ တန်းပြီးလို့လောကကိုဒီနေ့မှခြေချတာလေ..
ဒါတွေဘယ်သိမလဲ....
သူငယ်ချင်းတယောက်က..ငါဝယ်မယ်...ပြီးနောက်မှ...နင်တို့ငှားဖတ်တဲ့....
ဒါကိုနောက်တယောက်က ချွန်ပြီး...ဟာ..မရပါဘူးငါလဲဝယ်မှာ....
ဒါမှယောကျာင်္းတွေငါတို့ကိုဘယ်လိုအကဲခတ်လဲသိမှာဆိုပြီး
၂ အုပ်တောင်ဝယ်ခဲ့တယ်....
ဖြစ်ချင်တဲ့တော့ ကံကိုက ဆိုးပါတယ် ရောင်းတာကယောကျာင်္းလေး....
ဒါနဲ့ ပီမိုးနင်းရဲ့စာအုပ်ကြီးပိုက်ပြီးပြန်ထွက်လာတာပေါ့
ပြီးတော့....အိမ်သာဝင်ကြတယ်...အိမ်သာဝင်လို့အပြင်ကစောင့်နေတဲ့သူက..
စာအုပ်ကို..ဟိုလှန်ဒီလှန်လုပ်တာနဲ့...အောင်မလေး...
ဆိုင်ရှေ့ကနေဘယ်မျက်နှာနဲ့...ပြန်ဖြတ်ရမှန်းတောင်မသိဘူး
ဒါနဲ့...ဟိုးဘက်..မြက်ခင်းပေါ်ကနေပတ်ပြီးပြေးရတယ်....စာအုပ်၂ အုပ်ကတော့ဘယ်ရောက်လဲဆိုတာကျွန်တော်လဲသိဘူး....
......
..........
...............


ငယ်ငယ်တုန်းက......ကျွန်တော်တို့၆ယောက်.....
သူငယ်ချင်း ..မဆောင်၊သဲဆု၊ရွှေရည်၊ဂျပုမ၊အိသွယ်...တို့အား...သတိရ၏

April 13, 2009

မိုးရွာနေသည်.....





မိုးရွာနေတယ်.....
မိုးစက်တွေ..မြေပြင်နဲ့....နမ်းရှိုက်နေတယ်...
သစ်ရွက်တွေလဲ..ရေစို...ဖားတွေလဲအော်...ထီးဆောင်းပြီး..
လမ်းလျှောက်တဲ့လူတွေရှိတယ်..
ထီးမဆောင်းပဲနဲ့..လမ်းလျှောက်နေတဲ့သူတွေလဲရှိတယ်.....
ဖိနပ်မစီးပဲနဲ့...မိုးရေတွေမြေပြင်ပေါ်လမ်းလျှောက်နေကြတယ်...
မိုးကာအကျီ င်္မ၀တ်တဲ့..ပန်းတွေလဲ...ရေတွေစိုရွဲလို့....
ကောင်းကင်ကြီးက Dim Light..လို....အိပ်ချင်စရာ....
မိုးရေထဲမှာ...လမ်းမကြီးလဲလျောင်းနေတယ်....စောင်မခြုံပဲနဲ....
မိုးရေတွေကတော့သူ့ပေါ်မှာ..ပစ်စလက်ခတ်...မွစာကြဲလို့ပေါ့
သြော်....June..July...August....September
ရွာလိုက်ပါ.....global warming နဲနဲသက်သာလဲအေးလား..
နော့်...

April 10, 2009

ကုလားလေး...

ကျွန်တော် သူငယ်ချင်းတယောက်ရဲ့ ဖြစ် ရပ် မှန်ပါ....သူကcity hall က MRT မှာ...အိမ် ပြန်ဖို့ စောင့် နေတာပေါ့..
ကျွန်တော်သူငယ်ချင်းက မဆိုစလောက်ကလေး..အသားနဲနဲ..ညိုတယ်ဗျာ....သူလဲ mrt လာတော့...အထဲ ၀င်ရောပေါ့..သူ့ဘေးမှာ...ကုလားအဖိုးကြီးတယောက်နဲ့...ကုလားလူပျို ပေါက်လေး ၂ယောက်လဲရှိ တယ်....ဒါနဲ့ ပဲ ...city hall MRT မှာ က စီး တဲ့ သူ က မြန်မာများတယ် လေ....ကျွန်တော် သူငယ်ချင်းက..ထိုင်စရာမရှိလို့..မတ်တပ် ရပ်နေရတယ်...သူနားမှာထိုင်နေတဲ့ကောင်မလေး၂ ယောက်ထဲ က တယောက်စီကို MESSAGE ၀င် ပါ လေရောတဲ့....
ကောင်မလေး၁း ဟဲ့ ဘယ် က SMS လဲ နင့် ဘဲ ဆီကလား
ကောင်မလေး၂း အေး ဟုတ်တယ်...ဒါနဲ့ နင်ရော ဘဲမ ရသေးဘူးလား...
ကောင်မလေး၁း ဟင့်အင်း မရ သေးပါဘူးဟာ...
ကောင်မလေး၂း ဟွန်း..နင်ကလဲညံ့လိုက်တာ...စကာင်္ပူရောက်တာ ၃လတောင်ကျော်ပြီ...ဘဲက ၁ယောက်မှ မရှိဘူး....


အမေတွေသိရင်တော့ရင်နာမှာသေချာတယ်...ကြည့်ဦးလေ..စင်ကာင်္ပူလာတာဘဲ ထားဖို့ကြနေတာပဲ...
ကျွန်တော့်သူငယ်ချင်းက လှည့်ကြည့်တော့...
ကောင်မလေး၁း ဟဲ့ ဟိုတယောက်က မြန်မာ လားမသိဘူး....ငါတို့ကို လာကြည့်နေတယ်..
ကောင်မလေး၂း ဟုတ်ပါဘူးအေ..ကြည့် ပါဦး...ကုလားလေးပါ...ဘေးနားမှာ..ကုလားကြီးတောင်ပါသေးတယ်ဆိုပဲ....



ကျွန်တော်သူငယ်ချင်းသူ့ခင်ဗျာ..တော်တော် စိတ်ဓါတ်ကျသွားရှာတယ်....အဟီး....

9. April. 2009 မိသားစုနှင့် sentosa



မနေ့ က sentosa သွား တယ် ဗျာ...cable car စီးသွား တာ...လမ်းတ၀က်ရောက်တော့ ရပ်နေတယ်....လန့် လိုက်တာ...ပြီးတော့..နောက် တော့ဘာမှ မဖြစ် လို့ တော် သေး တယ် ဗျာ.....Pink Dolphin Show လဲ ကြည့် ခဲ့ တယ်...လမ်းက တော့ရေလည်လျှောက် ရတယ်..မေမေ ဆို စီးနေကြ ဖိနပ်တောင် ပေါက် တယ်......ကျွန်တော် က ကျွန်တော်photo တင်ချင်တာ ဗျ...သယ်ရင်းတယောက်က .....ရန်ကုန်မှာ ကောင်းကောင်းနေ ချင်ရင်...မတင်နဲ့ ဆိုလို့...အီး.ဟီး...တင် ရဲတော့ ဘူး..ငိုချင်လိုက်တာ.....syntax မှာညဘက် ရေပန်းအကသွားကြည့် ကြမယ်ပေါ့
စောင့်တယ်..စောင့်တယ်...ရေပန်းကလဲမက...လူလဲ ငိုက်လာ တာနဲ့ ပြန်လာခဲ့ ရတယ်....

April 8, 2009

Closing Ceremonary & Lucky Day (8.april.2009)

ဒီနေ့ ကျွန်တော် တို့ရဲ့ PBP ပြီးတဲ့ နေ့ လေ...ဒီနေ့ ကံကောင်းတယ် ဗျာ..
မေမေ က OG မှာ အင်္ကျီ ၁ထည်ဝယ်ပေးတယ်ပိုက်ဆံအိတ်လဲဝယ်ပေးတယ်.....bugis ကနေလဲbossni ၃ထည်တောင်ဝယ်ပေးတယ်...ပြီးတော့...ရန်ကုန်က၀ယ်လာတဲ့ စကတ်လေးလဲ ရတယ်...ပြီးတော့FILAအင်္ကျီ ၁ထည် လဲ ရတယ်..ပြီးတော့ မုန့်ဖိုး$200တောင်ရတယ်...အဟီးဟီး...

Lemon Tree

April 7, 2009

ဝိရောဓိ

CHO(ဟေးကောင်မလေး..ရင်ထဲမှာပဲ့တင်အော်နေခဲ့...အရမ်းလဲချစ်တယ်...အရမ်းလဲမုန်းတယ်...ငါအိပ်ပျော်ဖို့တောင်ခက်တယ်ဒွိဟတွေနဲ့...
ရည်းစားလေးထားမိခဲ့ ရင်ထဲမှာခုန်နေဆဲနင်နဲ့ငါကွိုင်တွေတက် စိတ်တွေကရှုပ်တာပဲတယ်လီဖုန်းကိုင်ပါဦးငါ့မှာသိပ်ပြီး ငုတ်ပါတယ် နင်ငါ့ကိုတကယ်ချစ်ရင်ဒီလိုထပ်ပြီးလုပ်ပါနဲ့)

ချိုတွေထင်တဲ့ အချစ်ကတခါတလေတော့ ခါးပါတယ် ငါ ၀ိရောဓိ ဖြစ်ဦးနှောက်ကစားပါတယ် နင်ဖုန်းကိုလုံးဝမထူး တွေးရတာက ကျပ်တာပဲငါ့အကျင့် ငါ့ စရိုက် ငါ့ အထာကို နင်နပ်ပါ တယ်မကြာခဏပြတ်ပါတယ်...မကြာခဏဖြတ်ပါတယ် ဘာမဆိုငြင်းခုံရင်း မကြာခဏသတ်ပါတယ်ခပ်ညံညံ ယောက်ျား တယောက်လို့ မင်းကငါ့ ကို ထင်သလားနောက်တယောက်ရှိ နေ လားမင်းနဲ့ ငါ့ရဲ့ အပြင်က..ငါ့ကိုငါ အချစ်ကိတ်စ မှာတကယ်ညံမှန်းသိ ပါ တယ် ဒါပေမယ့် လဲငြိတွယ်နင်တယောက်ပဲရှိတယ် လိုချင်နေခဲ့မိတယ်...ငါ့ရဲ့အဖြစ်ကစိတ်ထင်ရာလုပ်ပစ်ချင်တယ် ဖြစ်ချင်ရာဖြစ် အား....drama ရုပ်ရှင်ထဲကပြနေကြအလွမ်းဇာတ်ကွက်လိုchemistryဖတ်စာအုပ်က formula စမ်းသတ်ချက်လို ဟိုဟာ လေး တိုးလိုက် နဲ့ဒီဟာလေးလျှော့လိုက် နဲ့ နင်တကယ် ပဲ ဆိုးပါ တယ် ငါဒီမှာ တော့ shockရိုက်ခ

ဲ့CHO..

ငါအိမ် မှာထိုင်နေရင်း စိတ်ကူးရင်ပြီး လက်ထပ် ကြည့် အတွေးနဲ့ လက် တွေ့ ကဘယ်လိုမှအဆက်အစပ် မ ရှိဒါပေမယ့် ချစ်ချင်တယ်...အိမ်ထောင်ရှင်ကြီးဖြစ်ချင်တယ် ဒီ relationshipကိုပဲ ငါလေပြန်ပြီးအပြစ်တင်မယ်နင့် မာမီနဲ့ အဆင်ပြေအောင်လေ ကြိုး စားခဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်တော့ နင်လုပ် ပါနဲ့ စိတ်ပုပ်ပါနဲ့ဘယ်သူနဲ့ ကျူနေ လဲ..ဒါဆိုရင်တော့ ယုတ်မာတယ်လူတကာအထင်အမြင်ကြီးတဲ့ ဘီလီယံနာကြီးမဟုတ်ပေမယ့်ဒီရင်မှာနင်တကိုယ်စာ မှီတွယ်ရာတော့ ရှိ ပါ တယ် နင်ကလေငါ့ဘ၀ကိုtennisလိုပဲ ရိုက်နေတယ်ငါကလေအနိုင်ကျင့်တာသိသိရက်နဲ့ မိုက်နေတယ်ငါဘယ်တုံးကနင့်ကိုမကျေနပ်ဘူးပြောမိလဲ...ငါ့စိတ်ထဲကနင့်ကိုမလိုချင်လဲလိုအပ်နေတယ်...အချစ်တွေနဲ့ အမုန်းတွေနဲ့လွန်ဆွဲနေရတာအဆင်မပြေလို့ငါ့ဖုန်းကိုကိုင်ဦးဒါ ဟာအရေးပေါ်အခြေအနေမို့

CHO မီးပွိုင့် တွေလို စိမ်းနေလို့ နီနေလို့ အရမ်းပဲ ဇဝေဇ၀ါးပဲဖြစ်နေလို့


ဟိုတနေ့က သူငယ်ချင်းတွေနဲ့ မလေးရှားသွားကြတယ်....ရောက်တဲ့တူတူတော့ မထူးဘူးကောင်းကောင်း အိပ်မယ် ဆို ပြီး ...ကြယ်၅ လုံးဟော်တယ် မှာ တည်းကြတာပေါ့ဗျာ...အားလုံးပေါင်းသွားတာ လူက ၈ယောက်ဗျ....တစ်ခန်းကို၂ ယောက်နဲ့၎ခန်းငှားရတာပေါ့.....နောက်တော့လဲ မအိပ်ဖြစ်ဘူး သူငယ်ချင်းတွေနဲ့...ဖဲထိုင်ရိုက်နေတာ....၂ယောက်ကတော့...ကြယ်၅လုံးဟိုတယ်မှာအိပ်ဖူးတယ်ရှိအောင်လို့ ဆိုပြီး...အထဲဝင်သွားကြတယ်.....နောက်နေ့မနက်ကြတော့...ကျွန်တော့် ဆီလာပြီး...'သူရ..ဒီဟိုတယ်ကကြယ်၅လုံးသာဆို တယ်ကွာ....စောင်တောင်မ ပါဘူး..ကွ' သူ့စကားကြောင့် ကျွန်တော် မျက်လုံးပြူးရပါတယ်...ဟုတ်တယ်လေ ဆောင်ကဟိုတယ်တွေ မှာအိပ်ယာမှာ..ကပ်ပြီးသားလေ....ကျွန်တော်ဘာမှမပြောလိုက်ခင်သူထပ်ပြောပါတယ်....ဒါပေမယ်...ငါပဲကွဘယ် ရမလဲ....ဟင်း ဟင်း....ရေချိုးတဲ့ သဘက်ကြီးယူခြုံ လိုက်တာပေါ့ ကွ ..ဟားဟား...
ကဲ အဲ့ဒါသာကြည့် ...တော် တော် လည်တဲ့ သူ ကြီး နော်