April 30, 2009

ကျွန်တော်ရေးတာမဟုတ်ပါ....

အလွမ်းရက်ရှည်

သစ်ရွက်တွေကြွေ
ပန်းတွေဝေလည်း
အတွေးမှာမင်းသာ
ကြည်နူးဆွတ်ပျံ့
ပေါ်လာစမြဲ
အို...လွမ်းရသူရယ်
နှုတ်ခမ်းပါးလေးနဲ့
ချစ်စရာအကောင်းဆုံး
မင်းလေးအပြုံးကို
တမ်းတမိလေရဲ့
အို...လွမ်းရသူရယ်
နာရီတွေလည်ရင်း
အလွမ်းတွေတွယ်ရင်း
ပူပြင်း ဧပြီ
ရာသီ ဧကရီ
ကျော်လာခဲ့ပြီ
အို...လွမ်းရသူရယ်
ငါ့ရဲ့ဘဝ
လှပ သခင်မ
အဖြူရောင် သမင်မ
ကြင်နာ ထာဝရ
အချိန်ဟာ တခဏ
ရက်ရှည်အလွမ်း
ဤဇာတ်လမ်းကို
ဘယ်ထိဆုံးအောင်
စောင့်ရပေလိမ့်
အို...လွမ်းရသူရယ်
blogspotမှာထည့်ပေးပါနော် မ

No comments:

Post a Comment