October 30, 2009

ပုံပြင် (၁)

(ယုန် ဟာ ချစ်ဖို့ကောင်းတယ်. အသည်းငယ်တယ်. ပညာရှိတယ်. သွက်လက်တယ်. အပြေးမြန်တယ်. ယုန်လည်ကျတတ်တယ်. တခါ တခါလဲ အညာတော့မိတတ်တယ်)


မိုးတိမ်တခု နဲ့ လေ၀င်တိုက်ချိန်မှာ
ငါ့နှလုံးသားလဲ ထောင်ကျခဲ့ပါတယ်
ကောင်မလေး ဟာယုန်နဲ့တူတယ်

အစွဲအလမ်းများ စွာနဲ့ ရစ်မူးနေလဲ
မျှော်လင့်ချက် ကကင်းမဲ့နေဆဲ
ကောင်မလေးဟာ ယုန်နဲ့တူတယ်

မှုန်ဝါးနေတဲ့ ညမှာ
ငါဟာ compass ယူဖို့မေ့ခဲ့တယ်
ဓူဝံကြယ်လဲ မတွေ့ခဲ့ဘူး
ကောင်မလေးဟာ ယုန်နဲ့တူတယ်

နာရီကိုကြည့်ရင်းအချိန် ကုန်တာထက်
မင်းကို ငေးရင်းအချိန်ကုန်တာပိုများပါတယ်
ကောင်မလေးဟာ ယုန်နဲ့တူတယ်

No comments:

Post a Comment