May 2, 2013


-->
၂၄ ရက် ဇူလိုင်လ ၂၀၀၉ ခုနှစ်မှာပေါ့ ကျွန်တော့ သမီးလေးသားလေးနှစ်ယောက်မွေးတယ် လေ
၂၆ ရက်နေ့မှာဖုန်းဆက်ပြီး ကျွန်တော်နာမည်ပေးလိုက်တယ် အမွှာလေးနှစ်ကောင်ဆိုတော့ နာမည်ကို
ခပ်ဆင်ဆင်လေးပေးလိုက်တယ် Zack နဲ့ Jack ဆိုပြီးတော့ပေါ့….
အဲ့တာ blogspot မှာ ကျွန်တော် အဘွားဖြစ်ပြီဆိုတဲ့အကြောင်းကြွားတာပါ…ဟဲဟဲ…ဂုဏ်ယူတယ်ဟုတ်?
စကားမစပ်ထပ်ကြွားဦးမယ် ကျွန်တော်တို့အိမ်မှာလေ ကြောင်၆ ကောင်ရှိတယ် ခွေးလေးကောင်ရှိတယ်
မွေးထားတာတော့ကြောင်ထီးကြီးတကောင်တည်းပါ သားကြီးက သမီးကြီးကိုခိုးပြေးလာတယ်လေ
အဲ့တာနဲကျွန်တော်တို့ကလဲ သိပ်ပြီးမပင်ပန်းဘူးဆိုပြီးမွေးလိုက်တာ နောက် ကြောင်လေး လေးကောင်ပေါက်ပါလေရော
ဝါလေး။ တစ်တုတ်။ ကျားလေး နဲ့ မလေးဆိုပြီးတော့ပေါ့နောက်ကျွန်တော်၁၀တန်းမဖြေခင်မှာပဲ
ကလေးလေးတွေတဖြည်းဖြည်းချင်းပျောက်သွားကြတယ်
ပြီးတော့ ကျွန်တော့ ဦးလေးအိမ်ကနေပြီးတော့ Beauty ဆိုတဲ့ခွေးမလေးကိုမွေးလိုက်တယ် ဒါနဲ့ beauty
လေးအရွယ်ရောက်တော့ကြန်ကြန်ဆိုတဲ့ သားလေးတယောက်နဲ့ပေးစားလိုက်တယ်
Beauty ကနေ Penda, Lucky နဲ့ Candy ဆိုတဲ့ သမီးအကြီးဆုံးလေး။သားအလတ်ကလေးနဲ့
သမီးအငယ်ဆုံးလေးမွေးတယ် Penda
ကိုတော့အိမ်နားကကောင်လေးတယောက်ကိုပေးလိုက်တယ်…ရောင်းတာမဟုတ်ပါဘူးအိမ်မှာမနိုင်တော့လို့ပါ
….သားတွေသမီးတွေကို တန်ဖိုးနဲ့မရောင်းရက်လို့ပါ ဒါနဲ့ပဲ မထိမ်းနိုင်တော့ lucky လေးနဲ့ candy လေးရသွားတာခုဆို
သားလေးနှစ်ကောင်မွေးတယ်လေ…ဒါပါပဲ ကျွန်တော်တို့အိမ်မှာ လူတွေချည်းပဲမိသားစုမဟုတ်ပါဘူး
ကြောင်ထီးကြီးက ခုဆို အသက်၁၂နှစ်ရှိပြီလေ သူကအရမ်းသိတယ် သားကြီးရေလို့ခေါ်မှာ ညောင်လို့ထူးတယ်
ကြောင်ကြီးဆိုရင်မထူးဘူး ပူစီရေဆိုလဲမထူးဘူးတကယ်ပဲ



ဘာရယ်မဟုတ်ပါဘူး အဘွားဖြစ်ကြောင်းကြွားတာ အဟီးဟီး

No comments:

Post a Comment