May 2, 2013

ဘာရယ်မဟုတ်

အရောင် မတောက်သေးတဲ့ လူအတွက်တော့
ပိုးစုန်းကြူးလဲ လမ်းပြကြယ် ဖြစ်နိုင်တယ် ကလေးရယ်
တဗြုန်းဗြုန်းနဲ့ မိုးတို့ကြွေတယ်
ငါရင်ခွင်ထဲမှာလဲ ကြက်သေသေနေတဲ့ အက္ခရာတစ်ချို့
မသုံးမိလို့ ပုပ်ပွသွားတဲ့ စာအုပ်
နတ်စိမ်းတို့ လှလှပပ အောင်ပွဲခံတယ်
လက်ပံပန်း နီနီ သပ်သပ်ရပ်ရပ် မြေခတယ်
မပြီးသေးတဲ့ စာလုံးတွေ ငါ အရောင်ခြယ်တယ် (အရောင်ခြယ်တယ်)
ဒီလိုနဲ့ ပဲ......
................................
...................................
နိဂုံးတို့ ကိုယ်တိုင်ကိုယ်ကျ ချုပ်ကြလော့




No comments:

Post a Comment