November 24, 2010

မေ့မေ့လက်ရာ

ဒီနေ့ မိုးလေးကအေးတော့ အပြင်မထွက်ချင်တာနဲ့ အိမ်မှာပဲထမင်းချက်စားဖြစ်တယ်
ထမင်းကို မိုးကုတ်ရွှေတုတ် ချဉ်စပ်လက်ဖက်ကလေးနဲ့ ရောပြီး ၀က်သားခြောက်ကြော် (မေမေကြော်ပို့ထားသော)
လေးနဲ့ စားလိုက်ရတာ အရသာကိုရှိနေတာပဲ

လွမ်းလိုက်တာမေမေ့ကို ဟိုနေ့ကဖုန်းဆက်တော့ သူကပြောတယ် ဒီနေ့ချဉ်ပေါင်ကြော်လို့ သတိရနေတာတဲ့
မိဘမေတ္တာဆိုတာ ဝေးမှပိုခံစားရတယ်ဆိုတာ တကယ်ပဲ အသက်က ၅၀နားနီးနေပြီ ခုထိကိုယ်တိုင်ချက်ပြုတ်နေတုန်း တကယ်ဆို သမီးကချက်ကျွေးသင့်နေပါပြီ မေမေတို့ပေးတဲ့ ပညာအမွေခဏလာယူ နေလို့ပါ နောက်ဆို သမီးချက်ကျွေးမယ်နော်..

မေမေကြိုက်တဲ့ ခရမ်းချဉ်သီးချက်ရယ် ငါးရံ့ခြောက်ဖုတ်ရယ် ချက်မယ် ဖေဖေ အတွက်ကတော့ ကြက်သားပြုတ်ကြော်နဲ့ ဘူးသီးချဉ်ရည် မောင်လေးနဲ့ သမီးက ၀က်သားပြုတ်ကြော်စားမယ်
မေမေချက်ရင် သမီးကမြည်းပေးမလို သမီးချက်တဲ့ ကလဲ့မေမေ မြည်းပေးပေါ့နော်

သိပ်သတိရတာပဲ...

1 comment:

  1. မေမေ့လက်ရာတဲ့ ..မင်းရေးထားတာတွေက...ငါ့ကိုမငိုတတ်အောင်သင်ပေးထားတဲ့
    ငါ့မိဘတွေကိုငါသတိရလွမ်းဆွေးတဲ့စိတ်ကိုဆွပေးနေတယ်..
    မင်းတို့ မိဘတွေနဲ့ ဝေးနေရတာ..ငါ့လောက်ကြာအုံးမှာမဟုတ်သေးပါဘူး
    ညီမလေးရယ်...ငါလွမ်းတယ်..အဖေနဲ့ အမေကို...ငိုချင်တယ်..
    ငိုဖို့ မရဲဖူး....ငါမငိုဘူးကွာ...
    မိဘတွေဆီကိုအမြန်ဆုံးပြန်နိုင်အောင်ကြိုးစားနေတယ်...
    ပိုကြိုးစားမယ်ကွာ...

    ReplyDelete