July 8, 2009

သုံးမရသောအပိုင်းအစများ

မသိတဲ့အကြောင်းအရာတွေကိုသိအောင်လုပ်ရင်းနဲ့
ငါကိုယ်တိုင်တောင်ဘယ်သူမှန်းမသိတော့ပါဘူး

သိတဲ့အတိုင်းအတာကိုတွန်းချဲ့ရင်း
ငါပါနယ်ချဲ့ဖြစ်လာခဲ့တယ်

မဖြစ်နိုင်တဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့
ငါဟာအိပ်မက်တောထဲလမ်းပျောက်ခဲ့တယ်

ဦးနှောက်နဲ့ကြိုးစားတိုင်းအရာထင်အောင်လုပ်တော့
နှလုံးသားမှာဒဏ်ရာတွေတိတ်ဆိတ်ရလာတယ်

မတီးတတ်တဲ့သံစဉ်တွေကိုညီးညူရင်း
ကိုယ်တိုင်ကိုယ်ကျပေါက်ကွဲသံစဉ်ဖြစ်လာတယ်

အမှားမဲ့စွာနေချင်ပေမယ့်
ကိုယ်တိုင်ပဲခွင့်လွှတ်တတ်လာတယ်

လောကသစ်တခုကိုလိုက်ရှာရင်း
ငါကိုယ်တိုင်ကမ္ဘာသစ်တခုစတင်တည်ဆောက်နေတယ်

3 comments:

  1. kg tal !! sat yay !! nga read chin lo par!!!
    :)

    ReplyDelete
  2. “ဦးနှောက်နဲ့ကြိုးစားတိုင်း အရာထင်အောင်လုပ်တော့
    နှလုံးသားမှာ ဒဏ်ရာတွေ တိတ်တဆိတ်ရလာတယ်“

    အဲဒီအပိုဒ်လေးကို အရမ်းကြိုက်တယ်...။

    ReplyDelete
  3. kg tal byo ! so meaningful! :)

    ReplyDelete