January 1, 2010

၂၀၁၀

ဘာများ ဆန်းလဲ
ဒါဟာရက်တစ်ရက်အကူးအပြောင်းပဲ
ဘာများ ဆန်းလဲ
ဒါဟာ လတစ်လ အကူးအပြောင်းပဲ
ဘာများဆန်းလဲ
ဒါဟာ နှစ်တစ်နှစ် အကူးအပြောင်းပဲ


နှစ်သစ်မှာ ငါ့ဘ၀တစ်ဆစ်ချိုးမပြောင်းခဲ့ပါဘူး
လိုင်းကျပ်လို့ မဆက်လိုက်ရတဲ့ အိမ်ကဖုန်းကို သတိရတယ်
မတောင့်တပဲ ရောက်လာတဲ့ နွေးထွေးတဲ့နှစ်သစ် messages

အရင်ကလိုပါပဲ အိပ်ခါနီးရင် ဦးသုံးကြိမ်ချပြီး ဟောက်နေတုန်းပဲ
အရင်ကလိုပါပဲ nivea နဲ့မျက်နှာသစ်ပြီး gano နဲ့သွားတိုက်တုန်းပဲ
အရင်ကလိုပါပဲ ဒီကောင် ပေါတောတော ဆန်တုန်းပဲ

အပြောင်းအလဲတွေမများခဲ့ ပေမယ့် အိမ်ပြန်ဖို့ ရက်တစ်ရက်နီးခဲ့တယ်
အပြောင်းအလဲတွေမများခဲ့ ပေမယ့် အမှတ်တရတွေ တိုးခဲ့တယ်
အခြေအနေတချို့မပြောင်းလဲ ပေမယ့် ချစ်သင့်သူတွေကို ငါချစ်နေတုန်းပဲ
လွမ်းမိတယ် 2009 ရယ်

No comments:

Post a Comment