January 8, 2011

ချစ် ချစ်ချစ် ချစ်ချစ်ချစ်

ကျွန်တော့်ကို မချစ်တတ်ဘူး လို့မပြောပါနဲ့ ကျွန်တော် အရမ်းချစ်တတ်တာ ပင့်ကူကလွဲလို့

ဟုတ်တယ်ချစ်တာမှာနှစ်မျိုးရှိတယ် ချစ်နေတာနဲ့ ချစ်ချင်တာနဲ့

ချစ်နေတာ ဆိုတာကတော့ လွယ်လွယ်လေးပါ ဒီလိုပဲ သူအနားမှာရှိနေလဲချစ်တယ် အနားမှာရှိမနေလဲချစ်တယ်
သူကိုယ့်ကို မုန်းလဲ ချစ်တယ် သူ ကိုယ့်ကိုချစ်လဲချစ်တယ် သူ ဆီက တုံ့ပြန်မှု့တစ်ခု ကိုလိုလားလို့ ချစ်တာမဟုတ်ပဲ
ဒီအတိုင်းလေးပဲချစ်နေတာပေါ့...
ဥပမာပြောရရင် ငါးချစ်တဲ့ကလေးတစ်ယောက် ငါးမွေးကန်ထဲမှာ ငါးမွေးထားသလိုပေါ့ အစာစားလဲချစ်တယ် ကိုယ်နဲ့ တူတူ အမြဲမနေရလဲချစ်နေတယ် လေ အဲ့တာကို ချစ်နေတာလို့ သတ်မှတ်လိုက်တယ်ပဲထား

ချစ်ချင်တာ ကျတော့ နဲနဲရှုပ်တယ် ချစ် တယ်ဆိုတဲ့ အများ စုသော ကာရံတွေက ပူလောင်တယ်
မိဘကသားသမီးကိုချစ်တာလဲ ပူလောင်တာပဲ ချစ်သူအချင်းချင်း ချစ်ရတာလဲ ပူလောင်တာပဲ
မိဘကလဲ သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တယ် မဖြစ်မှာ လမ်းလွဲသွားမှာပူနေရတယ် အဲ့တာပူလောင်မှု့
တစ်မျိုး

ချစ်သူချင်းချစ်လို့ပူလောင် တာကတော့ အများစုသိပါတယ် မသိရင်ရုပ်ရှင်ကြည့်

ကဲချစ်ကတော့ ရှင်းပြီးပြီ
ချင် ကျတော့ရော ...... အဲ့တာပဲ ပြသနာအစက လိုချင်တယ် စားချင်တယ် ၀တ်ချင်တယ် လှချင်တယ် ပိန်ချင်တယ် ချင်နဲ့ ဆုံးတဲ့ အများစုက ကိုယ်တိုင်ဖြစ်နေတာ သူများဖြစ်နေတာကို မရောင့်ရဲနိုင်လို့ ချင်ဆိုတဲ့ စကားလေးသုံး ကြတယ်

အဲ့တော့ ပူလောင်တဲ့ ချစ်နဲ့ မရောင့်ရဲနိုင်တဲ့ ချင်နဲ့ ပေါင်းတော့ သွားပြီ ပေါ့

ဟုတ်ပါတယ် ပုထုဇဉ်အများစုက ချစ်ချင်ကြတယ် ကျွန်တော်လဲ ချစ်ချင်တတ်တယ် တစ်ခါတစ်လေ
ပိုက်ဆံလေး အလကားရချင်တယ် ကိုယ့်အိမ်မှာ ကိုယ်ပြန်နေချင်တယ် ဘာလို့လဲ
ကိုယ့်ကိုယ်ကိုချစ်လို့ ကိုယ့်မိဘကို ချစ်ချင်လို့ ပြန်ချင်တာ လေ...

ချစ်နေတာဆိုရင်တော့ ဝေးဝေးနီးနီး ဒီပုံလေးပဲ constant နဲ့သွားတယ်ပေါ့
ချစ်ချင်တာဆိုရင်တော့ velocity , acceleration တွေအများကြီး ပါလာပြီ ပြောင်းပြန်အချိုးကျတာတွေရော
direction တွေပါပါတော့ ကိုယ်ကအသွားရှိပြီး ကိုယ်ဆို အလာမရှိရင် စိတ်ညစ်ရတာတွေပါကုန်ပြီပေါ့

ခုကျွန်တော် ချစ်ချင်တာ တွေမဖြစ်အောင် ချစ်နေတာမျိုးပဲဖြစ်အောင် ကြိုးစားနေတယ်

ဒီစာဖတ်ပြီးတဲ့ သူငယ်ချင်းကိုလဲ ချစ်နေတာ မျိုးဖြစ်အောင် ကြိုးစားစေချင်တယ်
ဒါမှ လောကကြီး အပူတွေနည်းပြီး global warming မဖြစ်တော့မှာပေါ့

ဖရဲသီး

No comments:

Post a Comment