February 26, 2011

မြို့ပြ နှင့်.......အဝေး

ဝင်္ကာဘာတော မှာပဲ
အခြေစိုက်ရအောင် ကောင်မလေးရယ်...
ကွဲအက်အက် သွေးထိုးသံတွေ
ငါတို့နဲ့ ဝေးပါစေ။

သူတို့မယုံလို့ ငါတို့မြတ်နိုးခြင်းကို
ပုံပြင်တော့ မလုပ်စေချင်ဘူး
ဒဏ္ဍာရီ အဖြစ်ပဲ
ကျောက်ထွင်းကြရအောင်။

သဇင်ပန်းတွေတော့ ကြွေနေပြီ
နင်လိုက်ရဲလား........

မမေးပါနဲ့လား
ဘုရားအဆူဆူမှာ တိုင်တည်လိုက်တယ်
နင်ကငါ့ရင်က ခရမ်းနုရောင်ဂီတ တစ်စင်း
တေးမသီနဲ့
မခံနိုင်သူကြားရင် ရူးရချည်ရဲ့။

Nightingale ဟစ်ကြွေးလို့ပြီးရင်
ငါ့ကိုနှိုးပါ
တေလေတစ်ယောက်နဲ့ ခရီးဆက်ရဦးမယ်။

No comments:

Post a Comment