June 13, 2011

သော့


Union လုပ်လိုက်လဲ ပေါင်းမသွားတဲ့ အထဲမှာ
ခံစားချက်တွေများ ပါသလား

ခြံစည်းရိုးပေါ်လမ်းလျှောက်ရသလိုပဲ ချစ်သူရယ်
ယိုင်တိယိုင်တိုင် သွေးတစို့စို့

ဟိုတစ်ခါကပင်လယ်တွေပြောသလိုပေါ့
ငါ့အပြစ်ပဲထားလိုက်ပါ

လျှော့ဈေးနဲ့ ရောင်းတဲ့အထဲ ရံနံ့တွေထဲ့ပေးလိုက်ပါဟယ်
နောက်တစ်ခါလှည့်မကြည့်ကြေးပေါ့

လေညှင်းစီးသွားတဲ့မြူမှုန်ရယ်
မိုးမျှော်ပန်းပွင်တွေရယ် ငါရယ်
ငါ့ကိုယ်ငါသွားရှာမလို့ နဲနဲကြာမယ်

အိမ်ထဲမှာပြည့်စုံရှိတယ်
ဂိုထောင်ထဲမှာ စက်ဘီးအပိုတစ်စီးရှိတယ်
နင်ဘယ်သော့ယူမလဲ

No comments:

Post a Comment