ငှက်ဆိုးတစ်ချို့ ပြေးထွက်သွားတယ်
ကန္တာရ တစ်ပိုင်းတစ်စ လွင့်ပျံ
စက္ကန့်တွေ ကတွေ့ အရင်အတိုင်းပဲ တစ်လိမ့်ပြီး တစ်လိမ့်
ဒီအခန်းမှာ သူမအနက်ရင့်ရင့် ဆေးဆိုးခဲ့တယ်
ပျက်အစဉ် ပြင်ခဏပဲ
နှလုံးသားလဲ ခဏခဏကွဲ
ဒါတောင် အသားမာ မတက်သေးဘူး
ခေါ်သံမကြားပေမယ့်
ငါထူးလိုက်တယ် တစ်ယောက်ယောက် လိုအပ်နေမလားလို့
ပုန်းလျှိုးကွယ်လျှိုး နေရောင်တစ်ချို့ တိမ်တွေက ခိုးစားလိုက်တယ်
အသိမရှိတော့တယ် အချိန်
သူမ အရာရာကို စတေးလိုက်တယ်
တကယ်ကတော့ ပုံမှန်ပါပဲ
ဟောင်းတာ ကောင်းမှန်းသိပေမယ့်
အသစ်ပဲမက်မော ကြတာပဲ လေ
October 31, 2011
October 1, 2011
ငါ့ကောင်းကင်မှာ မိုးတွေညို့
ငါ့ကမ်းပါးက တစ်ဝကတိတိပြုတ်ကျနေပြီ
ကူသူမရှိဘူး၊ ကယ်သူမရှိဘူး။
ဒါပေမယ့်...
နွယ်တစ်ချောင်းကိုမွေးထုတ်ပေးနိုင်တဲ့
စုတ်တစ်ချက်ငါ့အနုပညာထဲမှာရှိတယ်
အဲ့ဒီစုတ်နဲ့ထိုနွယ်ကို အသက်သွင်းမယ်
ပြီးတော့ ငါ့နှလုံးသားနဲ့ခိုတက်မယ်။
ငါအခါခါပြောခဲ့ဖူးတဲ့ စကားလိုပေါ့
အနုပညာဆိုတဲ့ပင်လယ်ကြီးထဲမှာ
မသေခင်တော့ကူးခတ်နေဦးမှာပါပဲ။
ကံကောင်းရင် မေခလာ ကယ်မယ်
ကံမကောင်းလည်း...
အဟင်း... ရပါတယ်။
သိုးဆောင်း
(နေကမ္ဘာ ရဲ့မီးအိမ်ရှင် ၀တ္ထု မှကောက်နုတ်ချက်)
ငါ့ကမ်းပါးက တစ်ဝကတိတိပြုတ်ကျနေပြီ
ကူသူမရှိဘူး၊ ကယ်သူမရှိဘူး။
ဒါပေမယ့်...
နွယ်တစ်ချောင်းကိုမွေးထုတ်ပေးနိုင်တဲ့
စုတ်တစ်ချက်ငါ့အနုပညာထဲမှာရှိတယ်
အဲ့ဒီစုတ်နဲ့ထိုနွယ်ကို အသက်သွင်းမယ်
ပြီးတော့ ငါ့နှလုံးသားနဲ့ခိုတက်မယ်။
ငါအခါခါပြောခဲ့ဖူးတဲ့ စကားလိုပေါ့
အနုပညာဆိုတဲ့ပင်လယ်ကြီးထဲမှာ
မသေခင်တော့ကူးခတ်နေဦးမှာပါပဲ။
ကံကောင်းရင် မေခလာ ကယ်မယ်
ကံမကောင်းလည်း...
အဟင်း... ရပါတယ်။
သိုးဆောင်း
(နေကမ္ဘာ ရဲ့မီးအိမ်ရှင် ၀တ္ထု မှကောက်နုတ်ချက်)
Labels:
poem
Subscribe to:
Comments (Atom)