နိုင်ငံခြား မှာအလုပ်တွေကောင်းတယ် ပိုက်ဆံပေါပေါရတယ် ဆိုတာနဲ့ သူငယ်ချင်းတစ်စု ပိုက်ဆံစု speaking လေးဘာလေးတက်ပြီး အလုပ်သွားလုပ်ကြတာပေါ့
ဟိုမှာအလုပ်လုပ်ရတာ အဆင်ပြေပါတယ် အလုပ်ကဘာလုပ်ရမယ်ဆိုတာသိတော့ အဆင်ပြေတာပေါ့
သိပ်ပြီးစကားပြောစရာမလိုဘူးလေ
တနေ့တော့သူတို့တွေ အလုပ်အရမ်းအရေးကြီးနေတော့ manager က အသင့်စားခေါက်ဆွဲဘူးလေးတွေ ၀ယ်လာပေးတာပေါ့
manager လဲသူ့အလုပ်သူ ဆက်လုပ်နေတုန်း
boy : sir sir I want hammer.
manager : u go and eat first then we do after that
boy: yes sir but I want hammer.
manager : no lah.. u go and eat first later work
boy: we need hammer lah...
အဲတာနဲ့ ဒုက္ခဆိုပြီးmanager လဲ မြန်မာလို ကော english လိုပါကျွမ်းကျင်တဲ့လူကို ဖုန်းဆက်ခေါ်ရတာပေါ့
ညီလေးဘာလုပ်ဖို့လဲ အရင်စားပြီးမှလုပ်ပါတဲ့
ဟုတ်တယ်အကို ရ စားမလို့တူလိုလို့ လာတောင်းတာ တူ လေ hammer ကိုပြောတာ
June 5, 2010
February 13, 2010
အစိမ်းရောင်ကြယ်တွေကြွေတဲ့ည
အဲ့ညက ငါနင့်ကိုလွမ်းဖူးတယ်
အဲ့ညက ကချေသည်တွေနဲ့အတူ ငါ့ လိုက်အကတိုက်ဖူးတယ်
အဲ့ညက နင်ချစ်တဲ့ကြောင်လေး photo ငါ့ကိုပြဖူးတယ်
အဲ့ညက နင်နဲ့ငါဖုန်းပြောကြတယ်
အဲ့ညက နင်ငါ့ကို စိတ်ကောက်တယ်
အဲ့ညက ငါနင့်ကို ပြန်ချော့တယ်
အဲ့ညက ...
အဲ့ညက....
ကောင်လေးရေ အဲ့ညကလေ....

Labels:
poem
February 2, 2010
ပိုးဟပ် ပုံပြင်
မနေ့တုန်းကလေ ရေချိုးကာနီး ရေချိုးခန်းထဲမှာ ပိုးဟပ်တစ်ကောင်တွေ့တယ် အထီးလားအမလားတော့မသိပါဘူး ဒါနဲ့ပဲ သူငယ်ချင်းတွေကိုပြတော့ တစ်ယောက်က ပိုးသတ်ဆေးဘူးကြီးယူလာပြီးဖျန်းတယ် အဲ့တာနဲ့ပိုးဟပ်လဲ ဟိုပြေးဒီပြေးနဲ့ သေလို့ကောင်းတော့မယ် အချိန်မှာ နောက်တယောက် ကရောက်လာပြီးဟယ်တော့ဆိုပြီး အိမ်သာဆေးတဲ့တုတ်ကြီးနဲ့ကောက်ပြီး အိမ်သာထဲ ထဲ့ပြီးရေဆွဲချလိုက် ကော် သေလောက်ပြီလို့ထင်ရအောင်ကို ပိုးဟပ်လက်ဆတုန်းသွားခဲ့တယ်
အဲ့တာနဲ့ပဲ မနက်မိုးလင်းတော့ ကျောင်းနောက်ကျနေလို့ ရေချိုးခန်းထဲအမြန်ပြေးဝင်တဲ့အချိန်မှာ ပိုးဟပ် သေးသေးလေးတစ်ကောင်တွေ့ တယ် ပထမတော့ ကြောက်သွားသေးတယ် ဟိုပိုးဟပ်များပိုးဟပ်သရဲ လာခြောက်တာလားလို့ပေါ့ နောက်တော့ မှ သေချာကြည့်မိတော့ ပိုးဟပ်ငယ်လေး သနားပါတယ် မနေ့ညတုန်း ကပိုးဟပ် ကိုတုတ်နဲ့ကလော်လိုက်တဲ့အချိန်မှာ ကျန်ခဲ့တဲ့ခြေထောက်အရိုးလေးဘေးနားမှာ ရစ်သီရစ်သီနဲ့
အဲ့ပိုးဟပ်ကလေးရဲ့ ဆွေမျိုးနီးစပ်တစ်ကောင် ကိုသတ်ခိုင်းလိုက်မိပြီဆိုပြီး စိတ်ညစ်သွားသေးတယ် ပြီးတော့လဲကောင်းရာမွန်ရာရောက်အောင်ဆုတောင်းပေးလိုက် ပါတယ်
ကဲသူငယ်ချင်းတို့ လဲဝိုင်းဆုတောင်းပေးကြပါဦး "ကဲပိုးဟပ်လေးရေ မင်းနောင်ဘ၀ ကောင်းရာမွန်ရာရောက်ပါစေကွာ"

juz...somethings
January 24, 2010
January 21, 2010
ဒီနေ့

လူတွေဟာတခါတလေ ကိုယ်တိုင်ရှိတဲ့ ချို့ယွင်းချက်တွေကို မေ့ပြီး တစ်ပါးသူရဲ့ချို့ယွင်းချက်ကို နိုင်ထက်စီးနင်း
ပြုချင်ကြတယ်
တစ်ခါတလေ တစ်ပါးသူရဲ့မကောင်းသတင်းကို ကိုယ့်အမှားတွေမေ့ပြီးပြောတတ်ကြလေရဲ့....
ကျွန်တော်လဲပြောဖူးပါတယ် နားလဲနားထောင်ဖူးတယ် လူတွေပြောပြောနေတဲ့ အတင်းဆိုတာကိုပေါ့
ပြောပြီးတိုင်း ကိုယ့်ကိုယ် ကို ရွံစရာကောင်းတဲ့လူတယောက်လို မြင်မြင်လာတယ်
အတင်းပြောမိတဲ့အချိန် ကလေးမှာ ကဗျာတစ်ပုဒ်ကောင်းကောင်းစပ်လို့ရတယ်
ခုတော့ ၀စီကံ မနောကံနဲ့ တစ်ပါးသူကို ပြစ်မှားမိသွားပြီ ကိစ္စမရှိပါဘူး သူလဲငါ့အတင်းပြောရင်ပြန်ကျေသွားမှာပဲ
လို့ထင်မိရင်တော့ နောက်ထပ်မှားစရာရှိတဲ့ကိစ္စတွေမှား ဦးမှာပဲ....
ကိုယ် သူ့အကြောင်းမကောင်းပြောမိလို့ သူ့မှာထိခိုက်စရာတွေ မရှိသွားရင် တောင် ပစ်မှားမိတဲ့ကံနှစ်ပါးကြောင့် နောင်ဘ၀ဘယ်လိုဖြစ်မယ် ဆိုတာ ဘယ်သူမှမပြောနိုင်သေးဘူး...
(ဘ = ကြာသပတေးနံ = ၅။ ၀= ဗုဒ္ဓဟူးနံ = ၄ ။ပုဒ်မ၅၄ = မသင်္ကာမှု ။ တာရာမင်းဝေ တေးသွားနံပါတ်၁၀၀၁ မှကောက်နှုတ်ချက်) ဘ၀ ဆိုတဲ့ မသင်္ကာစရာကောင်းတဲ့ လောကကြီးမှာ တစ်ရက်လောက်ဖြစ်ဖြစ် စင်စင်ကြယ်ကြယ်လေးနေ သွားကြရအောင်
ဒီကနေပဲ ပြစ်မှားမိတဲ့လူတွေ အားလုံးကို တောင်းပန်ပါတယ်
p.s.ဆရာလုပ်တာမဟုတ်ပါ ဒီလိုပဲတိုက်တွန်းချက်ကလေးပေါ့
Labels:
juz...somethings
January 1, 2010
၂၀၁၀
ဘာများ ဆန်းလဲ
ဒါဟာရက်တစ်ရက်အကူးအပြောင်းပဲ
ဘာများ ဆန်းလဲ
ဒါဟာ လတစ်လ အကူးအပြောင်းပဲ
ဘာများဆန်းလဲ
ဒါဟာ နှစ်တစ်နှစ် အကူးအပြောင်းပဲ
နှစ်သစ်မှာ ငါ့ဘ၀တစ်ဆစ်ချိုးမပြောင်းခဲ့ပါဘူး
လိုင်းကျပ်လို့ မဆက်လိုက်ရတဲ့ အိမ်ကဖုန်းကို သတိရတယ်
မတောင့်တပဲ ရောက်လာတဲ့ နွေးထွေးတဲ့နှစ်သစ် messages
အရင်ကလိုပါပဲ အိပ်ခါနီးရင် ဦးသုံးကြိမ်ချပြီး ဟောက်နေတုန်းပဲ
အရင်ကလိုပါပဲ nivea နဲ့မျက်နှာသစ်ပြီး gano နဲ့သွားတိုက်တုန်းပဲ
အရင်ကလိုပါပဲ ဒီကောင် ပေါတောတော ဆန်တုန်းပဲ
အပြောင်းအလဲတွေမများခဲ့ ပေမယ့် အိမ်ပြန်ဖို့ ရက်တစ်ရက်နီးခဲ့တယ်
အပြောင်းအလဲတွေမများခဲ့ ပေမယ့် အမှတ်တရတွေ တိုးခဲ့တယ်
အခြေအနေတချို့မပြောင်းလဲ ပေမယ့် ချစ်သင့်သူတွေကို ငါချစ်နေတုန်းပဲ
လွမ်းမိတယ် 2009 ရယ်

December 25, 2009
X'mas
ဘာလိုလိုနဲ့
မနှစ်ကchristmas တောင်နှစ်ပတ်လည်ပြီ
ငါမွေးနေ့မရောက်သေးပေမယ့် ငါအိုခဲ့ပါပြီ
ဒီနှစ်ဆောင်းလဲ ငါ့အတွက်ညတာရှည်တုန်းပဲ
လမ်းကြုံရင်တော့ ၀င်ခဲ့ပေါ့
အစိမ်းရင့်ရင့်ဓါတ်တိုင်တွေအောက်မှာ
ကျွန်တော် တခါတခါ ကဗျာရွတ်ပြတတ်တယ်
ဒေါသတွေတော့ ဒီတခါသိပ်မကြီးပါနဲ့
နှင်းရုပ်တွေ အရည်ပျော်တာလက်မခံချင်သေးလို့
ရွှေအိုရောင်ဆံနွယ်တွေ မရချင်နေပါ
ဒီနှစ်ဆောင်းမှာ နှင်းကျစေချင်၏
Labels:
poem
Subscribe to:
Posts (Atom)