February 16, 2011

ယဉ်ကျေးမှု့  ပြက္ခဒိန်

အများကြီး မရှင်းပြပါနဲ့
တိုတိုလေးပဲ နှုတ်ဆိတ်ငြိမ်သက်လိုက်
နားမလည်တဲ့သူတွေ
သူတို့ကိုယ်တိုင် နိဂုံးချုပ်စေ

အဝေးကြီး လိုက်မရှာပါနဲ့
နီးနီးလေးမှာပဲ ရပ်နေပါ
ထွက်ပြေးတဲ့ သူတွေ
လမ်းမှန်ရောက်အောင်ဆုတောင်းကြရအောင်

အရှည်ကြီးမတွေးပါနဲ့
တစ်ကြောင်းတည်းနဲ့ ရာဇ၀င်တွင်စေ
မဖတ်တတ်သူတွေ
ကျော်သွားပြီး စုတ်သပ်ကြပါစေ

ဒီကဗ္ဗည်းကို ငါကိုယ်တိုင်ထွင်းမယ်
ဝိညာဉ်တွေက နှောက်ယှက်တုန်းခဏပါ
အတိတ်ကိုလွန်ရင် သူတို့ပြာကျစေ
လက်မှတ်မပါဘဲ ငါတို့အတူရွက်လွှင့်ကြမယ်...... ဟိုးမှာမြင်ရတဲ့ တိမ်အစိမ်းရောင်တွေဆီကို ပေါ့

2 comments:

  1. ပထမအပိုဒ်ကို အကြိုက်ဆုံးပဲ။ :D

    ReplyDelete
  2. လက်မှတ်မပါပဲငါတို့အတူရွက်လွှင့်ကြမယ်ဆိုတော့ လက်မှတ်စစ်နဲ့တွေ့ရင်ဘယ်လိုလုပ်မလဲညီမလေး ဟီး

    ReplyDelete