March 25, 2011

ဗလောင်းဗလဲတမ်းချင်း

တကျိကျိနဲ့ ဓါးသွေးကျောက်နဲ့တိုက်တဲ့ ငါ့စိတ်ဓါတ်တွေ မြည်သံကြားတယ်
ဓါးသွေးကျောက်တောင် တော်တော်တုံးနေပြီ
အားနာလို့ ဆက်မသွေးဖြစ်ခဲ့ဘူး

နာကျည်တဲ့အခါတွေတော့ရှိတယ်
ဘာမှမဖြစ်ပါဘူးလေ
နှစ်စက္ကန့်ကြာရင် အတိတ်စာရင်းဝင်သွားမှာပဲ

မလုံမလဲနဲ့ ညနေခင်းကခိုးကြည့်တယ်
ငှက်တွေလဲပျံသွားတယ်
မိန်းမပျိုလဲရောက်မလာခဲ့ဖူး

မျက်ဝန်းတွေတောင်အတော်ဟောင်းကုန်ပြီ
မြတ်နိုးခြင်းနဲ့ ငါရောက်ခဲ့ပြီပဲ
နတ်ဆိုးတွေ လဲ အတုံးအရုံးလဲလို့

ကောင်းကင်ကောက်ကောက်ကြီး ကိုခိုပြီး
မိုးရွာတဲ့ အနောက်တောင်အရပ်ကို ငါသွားမယ်
လမ်းကြုံရင် ကျစ်ဆံမြီးနဲ့ ကောင်မလေးကိုပြောပြလိုက်ပါ
ငါသူ့ကိုလွမ်းနေတယ်လို့


2 comments:

  1. ပြောပြလိုက်ပါ့မယ် ကျစ်ဆံမြီးနဲ့ကောင်မလေးကို တွေ့ရင် မိုး၇ွာတဲ့ဆီသွားရင်ကြည့်သွား နော် အအေးပတ်နေဦးမယ်(ကဗျာလေးခံစားသွားပါတယ်)

    ReplyDelete
  2. နှစ်စက္ကန့်နဲ့ နော်ကတော့ မေ့လို့မရဘူး...။ အတိတ်ကို ပြန်ပြန်တွေးနေလို့..။ :D
    အားပေးနေမယ်.. ကဗျာတွေ ဆက်ရေးနော်။ ^L^

    ReplyDelete