March 29, 2011

hAphAzArdly

နတ်ဆိုးတွေလဲကြွေကျတယ်
ပယောဂဆရာတွေလဲ ပလူးပလဲတွေဖြစ်လို့
တောင်ပံခတ်သံကြားတယ်
ခရမ်းရောင်မျက်ခုံးတွေနဲ့ နင်တို့တွေကြည့်တဲ့ အခါ..


ငါ့မှာမရှူနိုင်မကယ်နိုင် တွေးနေတုန်း
သစ်ရွက်တစ်ရွက်ကြွေတယ်
လေညှင်းတစ်ဝေ့တိုက်တယ်
ကမ္ဘာကတော့ဒီထက်ပိုလှမလာဖို့များတယ်

သူမပါးပြင်မှာ ပန်းနုရောင်တစ်ချက်တစ်ချက်လင်းတယ်
ဆေးပြယ်ပန်းချီကားတစ်ချက်ရင်မှာပိုက်လို့
ဝါ၀င်ဝါထွက်မှာသူမလဲ ပျောက်သွားခဲ့တယ်

သန်းခေါင်းယံနဲ့အတူငါကိုယ်ငါ မှောက်လိုက်တယ်
ခတ္တာတွေတောင် မွှေးလို့

No comments:

Post a Comment