April 7, 2011

ရင့်ရော်နေပေမယ့် အဆက်မပြတ်ဖတ်နေတဲ့ ပုံပြင်တွေ
ငါ့မှာတောင်ပုံယာပုံပဲ
အံကြိတ်ပြီးပြုံးတာတွေများ
အသက်ဝင်နေသလား

ခုတလော ညတွေကမတိုမရှည်
ရယ်သံတွေ ကဟိုတစ်ပွင့် ဒီတစ်ပွင့်..

လှပမှု့တွေယှဉ်ပြိုင်ပွဲ မှာ
ငါ့နာမည် စာရင်းမပါခဲ့ဖူးကွယ်

ထုံးစံအတိုင်းပေါ့
ငါ့လက်မှာကနုတ်ထွင်းလိုက်တယ်...။

ယစ်ပူဇော်ပွဲမှာ နတ်ဆိုးတွေ တစ်ပုံတစ်ပင်

ကောင်မလေး ရေ...
နင်လည်တိုင် ကျော့ကျော့မှာ ကျိန်စာတွေ တိုက်ခဲ့ သလား

ဒီကဗျာမှာ နင့် အတွက် ခေါင်းစဉ်မတတ်ခဲ့ဖူး

No comments:

Post a Comment